Chapter - 7 Unicode

105 11 0
                                    

_Unicode_

နှစ်ဦးသားရင်ခုန်သံများ အတိုင်းအဆမရှိ ကျယ်လောင်နေသည်။ ရင်ခုံသံမှလွဲ၍၊ ပကတိ တိတ်ဆိတ်ငြိမ်သက်စွာ ..... နှစ်ဦးသား မျက်ဝန်းအတိမ်အနက်အား ဖတ်​ကြည့်နေကြလေသည်။

" Adam ... Adam ....... Adam ....
မိုးမြေ ....မိုးမြေ ..... "
အကျယ်ဆုံးလှမ်းခေါ်လည်းမကြားပါလား။ အဲ့နှစ်ယောက်ဘာလုပ်နေလို့မကြားတာလဲ
မသိ။ စကားပြောတာလည်းမမြင် တစ်ယောက်နဲ့တစ်ယောက် စိတ်ရောဂါသည်လို ကြည့်နေတာပဲ ဇက်မြင်သည်။ အနားရောက်ခါမှ .......

" ဟျောင့် ... မိုးမြေ "

" ဟမ် .... ဘာ ... ဘာလဲ "

"ဘာ .... ဘာလဲလည်း ခေါ်မကြားအော်မကြား နားလေးနေကြတာလား"

" နားညီးတယ် "
ကမ္ဘာ ဝင်ပြောလိုက်သည်။ ကမ္ဘာ လှည့်ထွက်လာရင်း ဇက်နား နားသို့ကပ်၍ ....

" သူ့ကို ငါ့အသက်မပြောမိစေနဲ့"
ပြောပြီး အိမ်​ကြီးဘက်သို့လှည့်ထွက်လာခဲ့သည်။

အချစ်ဟုလက်ခံဖို့ခက်ခဲနေသည်။ အချစ်မှန်ကန်ခဲ့လျှင်လည်း မာမီ့စကားများကိုဆန့်ကျင်နိုင်မည်လား ..... ညီရော မာမီ့လိုသေခြင်းမဟုတ်ရင်တောင် ရှင်ခြင်းနှင့်ခွဲရမည်လား ......... ညီကရောချစ်နိုင်မှာတဲ့လား....... ကိုယ်မချစ်မိအောင်ကြိုးစားတာ မအောင်မြင်ခဲ့ရင်တောင် ကိုယ်ချစ်တာညီမသိစေရဘူး.....

အတွေးလွန်လာရင်း အိမ်ကြီးမီးဖိုဆောင်ဘက်တောင်ရောက်နေချေပြီ။

" ဒေါ်ကြီး .... ဘာစီစဥ်ထားလဲ"

" အော် ... သားAdam .... ဇက်ပြောခဲ့တယ်
ဧည့်သည်လေးက ပုစွန်ဟင်းကြိုက်တယ်တဲ့ .... သားဘာစားချင်လို့လဲ"

"ကျွန်တော်ချက်မယ်"

"အလို .... "
ဒီကလေးက သူ့အမေမွေးနေ့ရောက်မှ အိမ်ခြေရာမဲ့များအား ကိုယ်တိုင်လှူချက်တာဖြစ်သည်။ သူ့အမေနှစ်ပတ်လည်နေ့များရောက်ရင်တော့ အိမ်ပင်မကပ်တော့ချေ။ အလွန်သနားစရာ ကောင်းတဲ့ကလေးမို့ အချစ်ပိုရသည်။ စကားများတာမကြိုက်မှန်းသိ၍ ရှည်ရှည်ဝေးဝေး မေးမနေတော့ပေ။

"ဒေါ်ကြီး ဝိုင်းကူပေးရဦးမလား"

"ရတယ် .... ဒေါ်ကြီး .... "

မြေသင်းရနံ့ (Ongoing)Where stories live. Discover now