Chapter - 4 Unicode

109 13 2
                                    

_Unicode_

"မိုးမြေ မိုးမြေ.." ညကျောင်းသွားဖို့ပြင်နေတဲ့ မိုးမြေအခန်းကို ဝရုန်းသုန်းကားနှင့် ကောင်းကင်ပြေးဝင်လာသည်။

"ဘာလဲ..နင်ပြင်မပြီးသေးဘူးလား.."

"ပြင်ပြီးတာကြာပေါ့..တယောက်ထဲ စိတ်ထဲမထားနိုင်တော့လို့ ..ငါcrushအသစ်တွေ့ပြီလို့.. ငါ့typeကြီးကွယ်..ငါသေလို့တောင်ရပြီ..ကားထဲမှာထဲကပြောချင်နေတာ ဖေဖေရှိ​ေနလို့.."

" အငယ်မရှုးနေတာလား...လူကြည့်တော့နှပ်ချေးတွဲလောင်းနဲ့...မရွနဲ့"

"မရွပါဘူး..ဒီတယောက်ကသေချာတယ်.. ဟိဟိ..ဘာနှပ်ချေးတွဲလောင်းလဲ.. နင်နဲ့ငါအသက်တူတူပဲလေ.."

"အရူးထမနေနဲ့...ဟိုကနင့်လိုရုပ်က္ခစိုးမကိုပြန်ကြိုက်မှာမဟုတ်ဘူး..." ပြောသာပြောရတာ အမွှာဆိုတော့ရုပ်ချင်းလည်းဆင်ပါသည်။ သူ့ညီမသည် သူ့လောက်နီးပါးချောသည်မှာ အမှန်ပင်။ ရုပ်ကစိုးလို့ခေါ်တာတော့ နှုတ်ကျိုးနေပြီ.....
သူ့ညီမရည်စားထားလည်း ဘာမှမဖြစ်ပေမဲ့ စိတ်ကစားတတ်တဲ့အရွယ်ဆိုတော့ တွဲပြီးခါမှစိတ်ရှုပ်လိုက်လို့ဖြတ်လိုက်ရင် သူ့ညီမပဲ playgirl အဖြစ်နာမည်တွင်ကျန်ခဲ့မည်ဖြစ်သည်။ သူ့ညီမအကြောင်းသူသိသည်။ လိုချင်ရင်တော့ နန့်နန့်ထိုး ပြီးရင်စိတ်မဝင်စားတော့ပေ........
မိုးမြေလည်း ရည်စားထားခဲ့ဖူးပါသည်။ စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းသည်။ ကိုယ့်အချိန်တွေတပါးသူလုယူ သွားသလိုခံစားရသည်။ လွတ်လပ်မှုမရှိ၊ ချွဲပြစ်ပြစ်အသံတွေလည်း တော်တော်စိတ်ရှုပ်ဖို့ကောင်းသည်။ ရည်စားထားတာ မိုးမြေအတွက်တော့ စိတ်ရှုပ်စရာကောင်းသောအရာတစ်ခုလို့ပဲ  သတ်မှတ်ထားသည်။ ကောင်းကင်ကိုလည်း ရည်စားမထားစေချင်သေး​ေပ။

အတွေးတချို့ရပ်လိုက်ပြီး ညကျောင်းသွားဖို့သာ ​ခြေလှမ်းရတော့သည်။ ညကျောင်းအပြန် showroomဝင်ရဦးမည်။ မိုးမြေ ကားအကြောင်း ကျွမ်းကျင်နားလည်သည်။ ကားမောင်းရတာကြိုက်သည်။ ဝမ်းနည်းစွာဖြင့် ကျောင်းကိုတော့ ကားစီးပိုင်ခွင့်မရှိပေ.......

...................

ကျယ်ဝန်းသော ထမင်းစားစားပွဲတွင် မိသားစုလေးယောက် သာရှိသည်။ ဖွားဖွားကတော့ နေသိပ်မကောင်းချင်၍ အနည်းငယ်သာစားပြီး ထသွားသည်။

မြေသင်းရနံ့ (Ongoing)Where stories live. Discover now