Chapter - 11 Unicode

74 6 0
                                    

_Unicode_

ကောင်းကင် ကစားပွဲပြီးသွား၍ ဝဒီတို့ကိုထားခဲ့ပြီး အဆောင်ဘက်သို့လျှောက်လာနေစဥ် ......

"မြှောင်....မြှောင်....မြှောင်....မြှောင်....."

ခေါင်းမိုးထက်ဆီကကြားရသောအသံဖြစ်၍ အသံလာရာလှည့်ကြည့်လိုက်တော့ .... ကြောင်လေးတစ်ကောင် အမိုးပေါ်ကမဆင်းတတ်တော့၍ အော်နေသောအသံပင် ။
ဘေးဘီကြည့်လိုက်တော့လည်း .......

"လှေကားလည်းမရှိဘူး ဘာနဲ့တက်ရပါ့မလဲ" ရေရွတ်နေရင်း .....

"အာ ... ဟုတ်သားပဲ အပင်နဲ့နည်းနည်းနီးတယ် အပင်ပေါ်ရောက်လို့ခြေလှမ်းဆန့်လိုက်ရင်ရတာပဲ ..... အပြစ်ပေးခံရရင်လည်းခံရပါစေတော့...."

သစ်ပင်နဲ့ခေါင်မိုးနဲ့အနည်းငယ်ကွာနေပေမဲ့
အကြောပျော့သောကောင်းကင်အတွက်ကတော့ ပြဿနာက မြူမှုန်လောက်ပင် ~~

စတက်လိုက်ပြီး ....... သိပ်မကြာ
ချောချောချူချူ အပင်ထိပ်သို့ရောက်သွားသည်။ ထို့နောက်ခေါင်မိုးဆီသို့ ခြေဆန့်လိုက်ပြီး ခန္ဓာကိုယ်ယိမ်းလိုက်သည်။ ပြီးနောက် ကြောင်အားသယ်၍ အသင့်ယူလာသောကျောပိုးအိတ်ထဲထည့်လိုက်​လေသည်။
ခြေပြန်ဆုတ်ပြီးအပင်ဘက်သို့ပြန်ကပ်လိုက်ပြီးဆက်ဆင်းလာစဥ် ပင်စည်အောက်ခြေမှ 6ပေအရောက်တွင် ဆက်ဆင်းစရာကိုင်းမရှိတော့၍ ခုန်ရမည်သာ။ ကြောင်နဲ့ခုန်ပြီး ဟန်ချက်မထိန်းနိုင်ခဲ့လျှင် ကြောင်ပိသေမည်မှာအသေအချာပင်။ လူအလာစောင့်ကြည့်တော့လည်းတစ်ယောက်မှမတွေ့ ။

ခနာအကြာတွင်တော့.......

"ဖားကပ် ဘာလုပ်နေတာလဲ" ဘာလဲဟ လူကိုများဖားကပ်တဲ့ အောက်တချက်ကြည့်လိုက်တော့ အချိုးမပြေတဲ့ရုပ်နဲ့ ဇက်ဆိုတဲ့ကောင်ပဲ။ဘာပဲဖြစ်ဖြစ် အကူအညီတော့ရလာပြီ.....

"ရပ်ကြည့်မနေနဲ့ လှေကားရှာပေး"

"​ကြည့်ကောင်းလို့လေ လူဖားကပ်မမြင်ဖူးလို့ ...ဟားဟား...." ပြောရင်း ဓာတ်ပုံရိုက်နေ သေးသည်။

"အောက်ရောက်မှငါနဲ့တွေ့မယ်... အခုတော့ရယ်ထားဦး"

**သူနဲ့ငါ ဘယ်တုန်းကရင်းနှီးသွားလို့ လိုက်စနေတာလဲ**

မြေသင်းရနံ့ (Ongoing)Where stories live. Discover now