Chapter - 10 Zawgyi

30 2 0
                                    

_Zawgyi_

__ဒုတိယ ကစားပွဲ 45မိနစ် __

ကောင်းကင်တို့အားပေးသလို တုနှိုင်းမမှီတို့လည်းအပြိုင်အဆိုင်အားပေးမြဲဖြစ်သည်။

ဒုတိယအချိန် ကစားပွဲမှာတော့ တစ်ဘက်အသင်းက လူchangeလိုက်သည်။

"ဝဒီ changeလိုက်တာဘယ်သူလဲ"

"ဘယ်သူရှိရမလဲ .... ဟိုအတုမ အကိုလေ
'Bam တဲ့ သူ့ကို B(ဘီ)လို့ပဲခေါ်ကြတယ်
ကျောင်းသားခေါင်းဆောင်နေရာ ယျာထားကြတယ်လေ"

" အို ... တခြားစီပါလား ကြင်နာတတ်မဲ့ပုံလေး"

"မကောင်းကင်တိမ်တိုက် ဘက်လိုက်လှချည်လား"

"ဟဲဟဲ "

Bamသည် အသားဖြူဖြူဆံပင်ကောက်ကောက်နှင့် ဘယ်ထောင့်ကကြည့်ကြည့် ကြင်နာတတ်မည့်ပုံလေးပင်။ ဒါကြောင့်လည်း ကျောင်းသားခေါင်းဆောင်အဖြစ် ယျာထားခြင်းခံရတာဖြစ်သည်။

"ဟဲ့ဟဲ့ ..... မိုးမြေ လဲသွားပြီ"

"ဟယ် ငါ့ကိုကိုဘာဖြစ်သွားတာလဲ" စိုးရိမ်တကြီး ဝင့်ဝဒီဆိုမိလေသည်။

......................

မိုးမြေနဲ့ Bam ဘောလုံးလုရင်း မတော်တဆကန်မိလေသည်။

" မင်းတမင်လုပ်တာမလား ဟျောင့်... အာ့.. "
ဒဏ်ရာရသွားသော ခြေထောက်အားလက်
ဖြင့်ဖိကိုင်၍ ရန်စကားစလိုက်သည်။
ခြေထောက်တစ်ခုလုံးနာကျင်မှုကိုအတိုင်းသားခံစားနေရသည်။  **ဖိနပ်ထိပ်နဲ့ကန်ခံရမှတော့ မနာပဲဘယ်နေမလဲ **  လူကတော်တော်ဒေါသထွက်နေသည်။

"တောင်းပန်ပါတယ် ညီလေး.... အကိုက မတော်တဆကန်မိသွားတာပါ... " Bamစိုးရိမ်တကြီး တောင်းပန်ရှာသည်။

** တောင်းပန်တိုင်း ခွင့်လွှတ်စရာလား **

" ကိုယ်ဝင်ကန်လိုက်မယ် "
ဘယ်လိုရောက်လာလဲတော့မသိလူchangeရန် လက်လှမ်းပေးလာသောအကိုပင်။ စိတ်တိုမှုခနထား၍ အကို့ကိုသာလက်လှမ်းရိုက်ပြီး လူchangeလိုက်လေသည်။

" ဇက် ကျောင်းဆေးခန်း လိုက်ပို့လိုက်"

"အေးအေး လာတွဲလိုက် မိုးမြေ"
မိုးမြေအားလက်လှမ်း၍ ဂျိုင်းကနေတွဲကူလိုက်သည်။

မြေသင်းရနံ့ (Ongoing)Where stories live. Discover now