Chapter - 16 Unicode

81 5 3
                                    

_Unicode_

သေချာကြည့်မှ တရုတ်စကားပင်ပေါ် တက်မိသွားတာဖြစ်သည်။ တစ်လျှောက်လုံး အားကျလာခဲ့ရတဲ့သူက အကိုဖြစ်နေသည်တဲ့လေ။

တစ်လက်စတည်း မေးခွန်းအား အဖြေ​ပြန်ပေးလိုက်သည်။

"ခုန်ချလိုက်မယ်..."

အရှိန်ယူကာခုန်ချလိုက်တော့ ရင်ခွင်တစ်စုံနား အနီးဆုံးရောက်သွားခဲ့သည်။ ခေါင်းတစ်လုံးစာပိုရှည်နေသောကြောင့် လည်တိုင်ကိုသာ အရှင်းသားမြင်နေရလေသည်။

တိတ်ဆိတ်မှုက အချစ်များလား ~~

လည်တိုင်ထက်ကမှည့်ကို မြင်လိုက်ရသည်
နှင့်အတူ မြင်ခဲ့ဖူးသောရင်မွှာကြားထက်က ထင်ရှားသောမှည့်နက်အား ​ရုတ်တရက်မျက်လုံးထဲမြင်ယောင်လာ၍ ရှက်ရှက်​​ဖြင့်နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး ...

"ကျေးဇူးတင်ပါတယ်.... အကိုသွားစရာရှိတာသွားပါ"

ကိုယ့်စကားအဆုံးမှာ ဆိုင်ကယ်ပေါ်သို့တက်သွားလေသည်။ စက်နှိုး၍ ကိုယ့်ဘက်လှည့်လာပြီး ...

"တက်လေ..."

"..................."
** တက်လေလို့ပြောလိုက်တာလား... ဇက်တို့ ကိုဝီရတို့ပြောတာကြားဖူးတာကတော့ သူ့ဆိုင်ကယ်ကိုတစ်ယောက်မှအတင်မခံဘူးတဲ့လေ... နားကြားမှားတာပဲဖြစ်မှာပါ **

"မတက်ဘူးလား...."
** တကယ်ပြောနေတာပဲ **

"တက်ပြီ..."

ဆိုင်ကယ်ပေါ်တက်လိုက်တော့ ဘယ်ကိုင်လို့ကိုင်ရမှန်းမသိ ဖြစ်နေသည်။ ဇက်တို့ ကိုဝီရတို့ဆိုအကြောင်းမဟုတ် ။

ရုတ်တရက် လက်အားအဆွဲခံလိုက်ရပြီး ဖုထစ်နေသောကြွက်သားတစ်နေရာသို့ သိမ်းကျုံးရောက်သွားသည်။ နောက်လက်တစ်ဘက်လည်း ထိုနည်းလည်းကောင်းပင်။

ကိုယ့်မျက်နှာတစ်ခုလုံး သူ့ကျောပြင်ဂုတ်စပ်နားသို့ ရောက်သွားလေသည်။ နှဖူးထက်တွင်တော့ ဆံပင်ဆူးဆူးလေးတွေကို ခံစားမိနေသည်။အကြောင်းကား ကတုံးဆံတောက်ကေ ဖြစ်သောကြောင့်ဖြစ်သည်။ နှုတ်ခမ်းကတော့ လည်ဂုတ်စပ်အား နမ်းလျက်သားအနေအထားဖြစ်နေ၍ ဘက်ဘယ်သို့ဦးတည်ကာ မျက်နှာလွှဲလိုက်လေသည်။ ကိုယ်သင်းရနံ့အားခနတာတော့ရှူရှိုက်မိလိုက်သေးသည်။ ထူးခြားသည်၊ အကျွမ်းတစ်ဝင်ရှိသောမြေသင်းရနံ့နှင့်ဆင်သော ကိုယ်သင်းရနံ့လေးပင်။

မြေသင်းရနံ့ (Ongoing)Where stories live. Discover now