Chapter-15 Unicode

65 6 0
                                    

_Unicode_

"ကိုလေးတို့ ထမင်းစားဖို့ခေါ်ခိုင်းလိုက်လို့ပါ"

"လာခဲ့မယ်ပြောလိုက် ဆုရီ"

"ဟုတ် ကိုလေးဇက်... ကိုလေးAdam ကြောင်လေးကို ဟိုအမကိုပေးပြီးပြီ"

"ဘိုဘို့ကိုငါ့ဆီလွှတ်လိုက်ဦး"

"ဟုတ် ကိုလေးAdam "

"ကိုဝီရ ကောင်မလေးနဲ့သွားdateမယ်ဆို"

"ငါလည်းညကမှဒီလာရမယ်မှန်းသိလို့ ဖျက်လိုက်ရတယ် ရုတ်တရက်ကြီးဒယ်ဒီကHawiiကပြန်ရောက်လာတယ်လေ"

"Adam ကားမငှားချင်လို့ ကျိန်ဆဲလိုက်တာဖြစ်မယ်"

Adamမျက်ထောင့်ကြီးဖြင့်ကြည့်နေ၍....

"မ...မဟုတ်ပါဘူးကွ ငါ့သူငယ်ချင်းလေးကသဘောကောင်းပြီးသားကို....ဟဲဟဲ"

အခြေအနေမဟန်တော့၍ စကားလမ်းကြောင်းလွှဲမှရတော့မည်။

"ထမင်းသွားစားကြမယ်"

"Adamသွားမယ်လေ"

"သွားနှင့်ဝီရ ငါဘိုဘိုနဲ့လုပ်စရာရှိသေးတယ်"

"အိုကေလေ "

ဇက်တို့နှစ်ယောက်တောက်အမှီလိုက်မည်အပြု....

"ဝီရ တစ်မျိုးတော့မထင်နဲ့ အကိုမေးစရာရှိလို့"

"မေးလေ Bam ရိုင်းတယ်မထင်ပါနဲ့ ကျွန်တော်သူများနည်းတူခေါင်းဆောင်လို့မခေါ်ချင်လို့ပါ"

"ခေါ်လို့ရတယ်.... အကိုမေးမှာက မင်းအိမ်တွင်းအကြမ်းဖက်မှုခံနေရတာလား"

"ဘယ်လို Bam "

"မကြောက်ပါနဲ့ အကို့ကိုပြောပြလို့ရပါတယ်"

"ကျွန်တော်နားမလည်တော့ဘူးBam ဘာလို့အဲ့လိုထင်ရတာလဲ"

"ငါမင်း ထရပ်ကားမောင်းနေတာတွေ့လိုက်တယ် မင်းအဖေကအိမ်တွင်းအကြမ်းဖက်လို့မင်းအဲ့လိုတွေလုပ်နေရတာလား"

"အဲ့ဒါက....."

"ကိုဝီရတို့မြန်မြန်လာလေ "

Bamတစ်ယောက် ဝီရဖုန်းကိုလှမ်းယူလိုက်ပြီး....

"ဒါအကို့ဖုန်းနံပါတ် မင်းအကူအညီလိုရင်လှမ်းခေါ်လိုက် "

"...................."
ရုတ်ရက်ဆန်လွန်း၍ ဝီရမှာငြင်းခွင့်တောင်မရလိုက်ပေ။ ထင်သည့်သူကလည်းထင်ချင်သလိုထင်ပြီးထားသွားလေသည်။

မြေသင်းရနံ့ (Ongoing)Where stories live. Discover now