Chapter - 5 Unicode

101 15 0
                                    

_Unicode_

ကျောင်းတက်လာတာ 5ရက်ရှိပြီဖြစ်သည်။
ဒီကြားထဲ ကမ္ဘာ ညီ့ကိုမတွေ့မိအောင် ရှောင်နေမိသည်။ ဤယနေ့အားကစားနေ့ဖြစ်၍ တစ်ကျောင်းလုံးစာမသင်ရပေ။ အားကစားလုပ်ရင်းတွေ့နေရမည်စိုး၍ အိမ်ပြန်ဖို့ဝီရကိုပြောတော့ သူပါလိုက်ပြန်မည်တဲ့လေ.....
**တော်တော်အပေါင်းအသင်းမက်တဲ့ကောင်**...အမြဲအဲ့လိုပဲ ဒါကြောင့်လဲ ကမ္ဘာသူ့တစ်ယောက်ထဲ ပေါင်းမိနေတာဖြစ်သည်။

အိမ်ပြန်ဖို့ ဝီရတို့နှစ်ယောက်သားလမ်းလျှောက်လာရင်း.... ဝီရ ဇက်ကိုလှမ်းမြင်လိုက်သည်။ ဘေးတွင်လည်းခပ်ချောချောကောင်လေးတစ်ယောက်.........

"ဝက်...."အသံတိမ်သွားသည်၊ ဇက်နာမည်​ ​ ခေါ်နေ ချိန်..... ရုတ်တရက်ကြီး ကမ္ဘာ့လက်ကြီးဖြင့်လှမ်းအုပ်ခြင်း ခံလိုက်ရတာဖြစ်သည်။ ဒီကောင် ဘာလို့လုပ်တာလဲစဥ်းစားလို့မရပေ......

"ဟျောင့်..ဘာလုပ်တာလဲ.."

"အေးဆေးနေစမ်းပါ...မဟုတ်ရင် ဇက်ငါတို့နဲ့လိုက်ချင်နေမယ်....သူကျောင်းပျက်ရင် သူ့အဖေဆူနေဦးမယ်"
ပါးစပ်မပိတ်လိုက်လို့လည်းမရ.....ဇက်ကိုခေါ်လိုက်ရင် ညီပါပါလာရင်တွေ့နေရဦးမည်လေ.......

"မင်းဘယ်တုန်းက စဥ်းစားတတ်သွားတာလဲကွ..."
ဒီကောင်ကျောင်းစတတ်ထဲက ထူးဆန်းနေသည်။ ခါတိုင်းသူ့ညီဘာလုပ်လုပ် အဖက်တောင်မလုပ်။ အခုမှဘာထဖြစ်နေတာလဲ။ တခုခုတော့တခုခုပဲ ဟုကောက်ချက်ချလိုက်သည်။

................

ကမ္ဘာ ဇက်ကိုအိမ်ရောက်မှဖုန်းဆက်လိုက်သည်....

"အိမ်ကdriverလွှတ်လိုက်မယ် ဘယ်လမ်းကြုံမှလိုက်မသွားနဲ့" ဆိုပြီးပြောတော့ ..

"အဲ့ဒါများသူ့ကိုခေါ်မသွားဘူး"တဲ့လေပြန်လာရင် ဇက်ပူဆာမှာ မြေကြီးလက်ခပ်မလွဲပင်။

ဝီရကတော့အိမ်လိုက်ခဲ့​လေသည်။ မနက်ပိုင်းထဲက ကျောင်းက​ပြန်လာကြသည်ဖြစ်၍
တနေကုန်နှစ်ယောက်သားအားနေသလို ဖြစ်နေသည်။ ​

ခနကြာတော့.......

"boxing သွားထိုးမယ်"
ကမ္ဘာ စကားစလိုက်သည်။

"မင်းနဲ့တော့မထိုးဘူးနိုင်ဘူး..." ကြောက်လွန်း၍ ဝီရပြောလိုက်သည်.......

မြေသင်းရနံ့ (Ongoing)Where stories live. Discover now