Chapter - 18 Unicode

105 7 5
                                    

_Unicode_

ဘာလိုလိုနှင့် စာသင်နှစ်ဝက်တောင် ရောက်ခဲ့လေပြီ။

ညနေကျောင်းဆင်းအပြီး အိမ်သို့ပြန်ရာလမ်းတွင် မောင်နှမနှစ်ယောက် ထုံးစံအတိုင်း တစ်ယောက်ကစလိုက် ရန်ဖြစ်လိုက်နှင့် ကားထဲတွင်ဆူညံနေ​ကြသည်။ အကြောင်းကား သူတို့၏ဖခင် မအား၍ တစ်ခြားလူလွှတ်၍ ကြိုခိုင်းလိုက်ခြင်းကြောင့် ရန်ပွဲအဆုံးမသတ်သေးတာဖြစ်လေသည်။ ခါတိုင်းဆိုလျှင်တော့ တစ်ချက်ဆုံးမလိုက်သည်နှင့် ကောင်းကင်မှာငြိမ်ကျသွားမြဲဖြစ်သည်။ မိုးမြေကတော့ ထိန်းမရ၍ သူ၏ဖခင်မှ အမြဲလွှတ်ထားတတ်လေသည်။

အိမ်အရောက်တွင်လည်း ရန်ပွဲမှာအပြီးမသတ်သေးပေ။ ရန်ဖြစ်ရသည့်အကြောင်းအရင်းလည်းမရှိ။ မိုးမြေ သူ၏ ညီမအား ရန်စကားစလိုက်၍သာ ကောင်းကင်မခံသာဖြစ်၍ ဖြစ်လာလိုက်သော ရန်ပွဲသာဖြစ်လေသည်။

အိမ်တံခါးဝနား အရောက်တွင်တော့ ...

ဒုန်း.... ဘိုင်း......

နှစ်ယောက်သား အရည်တစ်ခုခုကြောင့် ပြစ်လဲသွားလေရာ လက်ဖြင့်ထောက်မိ၍ အရိုးအပ်သွားသည်ထင်၏။

အားးးးးး.....

မည်သူ့အသံမှတော့ မဟုတ်။ ကောင်းကင်၏ အသံကျယ်ကျယ်သာ ဖြစ်လေသည်။ မိုးမြေကတော့ ယောင်္ကျားသားဖြစ်၍ မျက်နှာသာပျက်သွားသည်။

"အမလေး ဘာဖြစ်ကြပြီလဲ"
မိခင်၏ သောကအပူတို့ နှစ်ယောက်သားထံ ကျရောက် လေတော့သည်။

"ဘာဖြစ်သွားပြီလဲ ကလေးတို့ "
ကားမောင်းပို့သော ဦးလေးသည်လည်း စိတ်ပူခြင်းဖြင့် မေးလာလေသည်။

"ကိုမျိုးရေ ဒီနှစ်ယောက်ကို ဆေးရုံခေါ်သွားမှရမယ်"

"ကျွန်တော် ကားပြန်ထုတ်လိုက်ဦးမယ်"

"ကျွန်မလည်း ဘူးဘူးကို အဝတ်သွားဝတ်ပေးလိုက်ဦးမယ်"

မိုးမြေ : "နံတယ်ဟ"

ကောင်းကင် : "ဘူးဘူးရဲ့သေးတွေ လို့တော့မပြောနဲ့နော်"

ဒေါ်သီတာ : "အမေဒီသေးတွေရှင်းမလို့ ဆင်းလာတာ... သွားသွား ကားပေါ်တက်နှင့်"

မြေသင်းရနံ့ (Ongoing)Where stories live. Discover now