Chapter - 8 Unicode

81 11 0
                                    

_Unicode_

ကျောင်းဖွင့်ရက်ဖြစ်သဖြင့် ကျောင်းတက်ရန်ပြင်ဆင်ရလေသည်။ ကောင်းကင်နိုးလျှင် စောစောနိုးလေ့မရှိသော သူ့အကိုအားနှိုးရသည်မှာအလုပ်တစ်လုပ်ဖြစ်နေချေပြီ၊ မနှိုးလို့လည်းမရ နောက်ကျမှထလျှင် ကိုယ်ကပဲအကြာကြီးစောင့်နေရမှာဖြစ်သည်။ သူ့အားနှိုးပြီးတာနဲ့ အောက်ထပ်တွင်မနက်စာစားဖို့ဆင်းရ​လေသည်။

ဒီနေ့ကိုယ်ကြိုက်တဲ့ကလပ်ကို ရွေးချယ်စာရင်းပေးရမည့်နေ့ဖြစ်သည့်အတွက် ကောင်းကင်စိတ်လှုပ်ရှားနေသည်။ crushအကြောင်းလည်းတော်တော်များများသိပြီးပြီဖြစ်သည်။

မိုးမြေဆင်းလာ၍ ကားခေါင်းခန်းသို့နေရာ
ဦးရန် စားလက်စပေါင်မုန့်အားကိုက်၍ ကားဆီအပြေးသွားသော်လည်း ကိုယ့်အားဆွဲဖယ်၍ သူသာခေါင်းခန်းသို့ အပြေးတက်သွားလေသည်။ ရမလားလို့လုပ်ကြည့်တာဖြစ်သည်။ တနေ့မှလည်းမရခဲ့ပေ။

ကျောင်းရောက်သည်နှင့် မိုးမြေကတော့ canteenမှာကျန်ခဲ့လေသည်။ အနိုင်ယူ၍
မစားရသေးတာဖြစ်သည်။ ဒါကြောင့်လည်း breakfastစားဖို့ canteenမှာ အမြဲကျန်ခဲ့ရလေသည်။

ထုံးစံအတိုင်း ကိုယ့်ကျောင်းဆောင်ပေါ်
ကို့ရို့ကားယားတတ်လာတော့... အကြီးတန်းကအမနှစ်ယောက် ကောင်းကင်အားတမင်သပ်သပ် ဝင်တိုက်လိုက်ပြီး .....

"ထိပ်ထား .....ဆင်းရဲသားအနံ့ရတယ်မလား"

"အင်း ဟုတ်ပ နံစော်နေတာပဲ.... လာပါတုတုရယ် ဒီက အမြန်သွားရအောင်"

တုနှိုင်းမမှီတို့ရဲ့ အကျင့်ဖြစ်သည်။ သူတို့ထက်လှရင်မနာလိုပဲ လိုက်အနိုင်ကျင့်တာဖြစ်သည်။ အခုလည်း ကောင်းကင်အား ဆင်းရဲတယ်ထင်၍ ပြောလိုက်ခြင်းဖြစ်သည်။ ကောင်းကင်စီးသောsneaker
အား brand အတုဟုယူဆလိုက်ခြင်းလည်းဖြစ်သည်။

ပြောတဲ့သူကပြောပြီးဆင်းသွားသည်။ ကောင်းကင်ကတော့ဘာမှတုန့်ပြန်ခြင်းမရှိဘဲ အပေါ်ထပ်သာတက်လာလိုက်သည်။ ထို့နောက် အခန်းဝတွင်မြင်လိုက်ရသောဗုံးအားမယူ၍၊ အောက်ထပ်သို့သွန်ချလိုက်သည်......

"အားးးးးးး......ဘယ်သူလဲ အတင့်ရဲလှချည်လား.... "
တုတုတစ်ယောက်အပေါ်ထပ်သို့လှမ်းကြည့်လိုက်တော့ မည်သူမျှရှိမနေပေ။ သေချာသည် စောနကောင်မပဲဖြစ်မည်။

မြေသင်းရနံ့ (Ongoing)Where stories live. Discover now