Chapter - 12 Unicode

90 8 1
                                    

_Unicode_

မိုးရာသီမဟုတ်သည့်နှယ် မိုးသားတိမ်တိုက်တို့ကင်းစင်၍ကောင်းကင်တစ်ခွင် ပကတိကြည်လင်နေသည်။ စောစောမထသူတို့အဖို့တော့ ကျေးငှက်တို့၏ အံ့ဖွယ်တေးဆိုသံကိုကြားရမည်မဟုတ်ချေ။

"ကိုလေးဇက် .....  ကိုလေးဇက်..... ကိုလေးAdamနှိုးခိုင်းလိုက်လို့ ....... ကိုလေးဇက်......ကိုလေးဇက်......ကိုလေးးးးး..."

"ဟာကွာ ... ကျောင်းပိတ်ရက်လေ မထနိုင်ဘူး...... ငှက်ကဆူရတဲ့ထဲသူကတစ်မျိုး"

"ကိုလေးAdamနဲ့ သွားစရာရှိတယ်ဆို"

"ဟုတ်သားပဲ..... အင်းအင်း လာခဲ့မယ်လို့ပြောလိုက် "

"ဟုတ် .... ပြီးတော့လေ ကိုလေးAdamကမြန်မြန်မလုပ်ရင် သူနဲ့တွေ့မယ်လို့ပြောခိုင်းလိုက်တယ်"

"ဘယ်သူမှမကြောက်ဘူးလို့ပြောလိုက်"

"ဟုတ်ကဲ့ ကိုလေး"

"ဘိုဘို နေဦး မင်းကတကယ်သွားပြောမလို့လား"

"ကိုလေးပဲပြောလိုက်ဆို"

"မကြောက်ဘူးဆိုတာမပြောနဲ့ လာခဲ့မယ်လို့ပဲပြောလိုက်"

"ဟုတ်ကိုလေး"

"ဇက်ဆိုဇက်ပေါ့ ဘာကိုလေးလဲ"

"နှုတ်ကျိုးနေလို့ပါ ဟဲဟဲ"

"အေး သွား"

"ဒါဆိုသွားပြောလိုက်ဦးမယ် ကိုလေး" ပြောကာ ဇက်အားအစ်ကိုကြောက်သူအဖြစ် လှောင်ရယ်ရယ်သွားသေးသည်။

** ကိုလေးလို့ထပ်ခေါ်သွားသေးတယ် ဒီကောင်ကတော့ **

အချိန်ဆွဲနေလို့မရတော့၍ ရေချိုးခန်းထဲအမြန်ဝင်၍သာ လှုပ်ရှားရတော့သည်။

ရေအမြန်ချိုးပြီးတော့လည်းမနေရ အဝတ်အမြန်ကောက်ဝတ်နေရသည်။ မှန်အားတစ်ချက်ကြည့်မိလေတော့ .......

" ဒီလောက်ချောတာ ဘယ်သူမချစ်မိပဲနေမလဲ"
(ကွန်ဖီဒန့် လယ်ဗယ်အစ်စ်ဆိုးဟိုက်)

အောက်ထပ်သို့ဆင်း၍ .......

"ဘိုဘို Adamရော"

"ကိုလေးAdam ကားထဲမှာစောင့်နေပါတယ်"

"အိုကေ"

** လိုက်လည်းလိုက်ခဲ့ရသေးတယ် စိတ်ကလည်းမရှည်ဘူး **

မြေသင်းရနံ့ (Ongoing)Where stories live. Discover now