Chapter 29: ဖရဲသီး

108 22 0
                                    



Chapter 29: ဖရဲသီး

အပူဆုံးလဖြစ်သောဇွန်လတွင်လူသားများ၏လှုပ်ရှားမှုအားမာန်ကလည်း တက်ကြွလှသည်။ ပူအိုက်လှသောကြောင့်ညအိပ်ချိန်အထိယပ်တောက်လက်ကမချနိုင်ပေ။ ဟဲ့ရှောင်ယွင်လည်း ယပ်ခတ်နေရင်းမှေးကနဲအိပ်ပျော်သွားသည်။

တစ်ရေးနှိုးလာချိန်တွင်နွေညပူပူထဲညံစီနေသည့်အိမ်နီးနားချင်းများ၏စကားများရန်ဖြစ်သံကိုကြားလိုက်ရသည်။

နောက်တစ်နေ့တွင် ဒေါ်ဒေါ်ကျန်း က မနက်ဝေလီဝေလင်းအိမ်ရှေ့သို့ရောက်လာပြီး မနေ့ညကအကြောင်းကိုဖောက်သည်ချတော့သည်။

"ငါတို့ဝေ့မျိုးရိုးကတော့...အဲဒီအရှက်မရှိတဲ့ကျန့်မင်ကြောင့်နာမည်ပျက်ပါပြီ"။

ချင်းရွှေဟယ်တပ်ရင်းကြီးကိုအဖွဲ့နှစ်ဖွဲ့ခွဲထားသည်။ ပထမအဖွဲဲ့တွင်ပါဝင်သည့်လူအများစုမှာဝေ့

မျိုးရိုးများဖြစ်ကြပြီး ဒုတိယအဖွဲ့တွင်ပါဝင်သူများမှာ ဟဲ့မျိုးနွယ်များဖြစ်ကြသည်။ ရှေးမျိုးဆက်ပေါင်းများစွာတည်း က ဘိုးဘေးမျိုးနွယ်တစ်ခုတည်းမှဆင်းသက်လာခဲ့သောကြောင့် ဤကဲ့သို့မျိုးရိုးနာမည်တူနေခြင်းဖြစ်သည်။

ဝေ့ကျန့်မင်ဆိုသည်မှာ ဒေါ်ဒေါ်ကျန်း၏မတ်လေးဖြစ်သည်။ ထိုသူက တစ်ဖက်အဖွဲ့ရှိဟဲ့မျိုးရိုးဖြစ်သည့်အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက် နှင့် တိတ်တိတ်ပုန်းတွဲနေသူဖြစ်သည်။ မနေ့ညက ထိုအမျိုးသမီးနှင့်ဝေ့ကျန့်မင်တို့ချိန်းတွေ့နေသည်ကို ဟဲ့အမျိုးသမီး၏တရားဝင်ယောကျာ်း က လက်ပူးလက်ကြပ်မိသွားခဲ့သည်။ ထို့ကြောင့်ဟဲ့မျိုးနွယ်များကဝိုင်းရိုက်ကြပြီး တလင်းနယ်မြေထဲတွင် တစ်ညလုံးဒူးထောက်ကာပြစ်ဒဏ်ပေးခြင်းခံရသည်။ မိဘဖြစ်သူများက သူ့သား၏အဖြစ်ကို မကြည့်ရက်သောကြောင့် ညကြီးမိုးချုပ်ဒေါ်ဒေါ်ကျန်းတို့အိမ်သို့ရောက်လာပြီး အကူအညီလာတောင်းခြင်းဖြစ်သည်။

ဒေါ်ဒေါ်ကျန်း၏စကားအဆုံး ဝမ့်ချွန်ဟွား၏မျက်နှာထက်တွင် စက်ဆုပ်ရွံ့ရှာသည့်အရိပ်အယောင်များ ပေါ်လာသည်။

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now