Chapter 30: ပိုးထည်ပဝါဟဲ့ရှောင်ကျွင်း လက်ဆောင်ပေးသည့်ဝီစီခရာလေးကို ဝေ့ယွမ်ဟန်တစ်ယောက် အတော်လေးသဘောကျနေဟန်ရှိသည်။ အဖွားဖြစ်သူအားကြိုးတစ်ချောင်းနှင့်သူဝီစီခရာကိုတွယ်ဆက်ကာ သူ့လည်ပင်းထက်တွင် ချည်ထားစေသည်။
"မေမေ...ယန်ယန်ကသားရဲ့ခရာလေးကိုလိုချင်နေတာ...ဒါပေမဲ့သားကသူ့ကိုမပေးပါဘူး"။
ဟဲ့ရှောင်ယွင်က အခန်းသန့်ရှင်းရေးလုပ်နေခြင်းဖြစ်သည်။ ထိုစဥ်ကလေးငယ်ဝေ့ယွမ်ဟန်က ကုတင်အစွန်တွင်ထိုင်ပြီး ခြေတံတိုတိုလေးနှစ်ဖက်ကို ဟိုဟိုဒီဒီလှုပ်ယမ်းကာခရာလေးနှင့်ဆော့
ကစားနေသည်။
ဟဲ့ရှောင်ယွင်တစ်ယောက် စားပွဲပေါ်တွင်တင်ထားသည့်ပစ္စည်းများကို ဘေးချလိုက်ပြီး ထိုစားပွဲကို ပဝါအစိုတစ်ထည်ဖြင့်ပြောင်လက်နေအောင်သုတ်လိုက်သည်။ "အဲဒီခရာလေးယန်ယန့်ကိုမပေးချင်ဘူးဆိုရင်လည်း...သူ့ရှေ့မှာသွားမပြနဲ့လေ...ယန်ယန်ကအရမ်းလိုချင်လို့သားဆီကလုသွားရင်...မေမေပြန်မယူပေးဘူးနော်"။
သူ(မ)၏စကားအဆုံးတွင် ကလေးငယ်ကခေါင်းမော့ရင်ကော့လျက် တည်တည်တံ့တံ့ပြောလာသည်။ "ယန်ယန်က...ဒီခရာကိုသားဆီကနေလုံးဝယူသွားလို့မရစေရဘူး...စိတ်ချပါမေမေရဲ့
သူကသားကိုမနိုင်ပါဘူး"။
"ဝါး...မိန်းကလေးနဲ့တောင်ပြိုင်ပြီးရန်ဖြစ်မယ်ပေါ့...သြချလောက်ပါပေတယ်"။ ဟဲ့ရှောင်ယွင်က အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။
ဟဲ့ရှောင်ယွင်၏စကားကြောင့် ကလေးငယ်က သူ့ဘာသာသူကျေနပ်အားရနေပုံရသည်။ ဝေ့
ကျန့်ဝေ့ထွက်သွားသည့်အချိန်တည်းက စာရေးခုံကို ဟဲ့ရှောင်ယွင်အသုံးပြုနေခြင်းဖြစ်သည်။ ထိုစားပွဲပေါ်တွင်စာအုပ်အချို့အပြင် ဝါးဖြင့်ပြုလုပ်ထားသောဘောပင်ထည့်စရာ
ဘူးတစ်ဘူးလည်းရှိနေသည်။
သူ(မ)လည်း ထိုဘောပင်ဘူးထဲရှိဖုန်မှုန့်များကို သန့်ရှင်းရေးလုပ်ရန်အတွက် ဘူးထဲရှိဘောပင်များနှင့်အခြားစာရေးကိရိယာပစ္စည်းများ ကို မှောက်ချလိုက်သောအခါ မမျှော်လင့်ပဲထွက်လာကျသည့်ဓာတ်ပုံတစ်ပုံကိုတွေ့လိုက်ရသည်။ ထိုဓာတ်ပုံမှာယခင်နေ့က ကျန့်ဝေ့ပြန်ပို့လာ
YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.