အခန်း ၂ (​ဒုတိယပိုင်း)

41 5 0
                                    

ထိုခဏ၌ရုတ်တရက်အ​ရှေ့ဘက်မှ​ကြောက်လန့်တကြား​အော်ဟစ်သည့်အသံများထွက်​ပေါ်လာ၏။

"မ​ကောင်း​တော့ဘူး၊ ​ရှေ့မှာမ​ကောင်းဆိုးဝါးရှိတယ်"

"တကယ်မ​ကောင်းဆိုးဝါးရှိတာလား?"

"မ​သေမျိုး​တောင်မှာဘယ်မ​ကောင်းဆိုးဝါးရှိမှာလဲ၊ မဟုတ်တာ​တွေ"

သူမယုံဘဲလျှင်မြန်စွာရှေ့သို့တက်သွား၏။အရှေ့ကလမ်းမကြီးအလယ်တွင်မီး​တောက်ကဲ့သို့တစ်ကိုယ်လုံးရဲရဲနီနေ​သော​မြေ​ခွေးတစ်​ကောင်မှာ​ဆောင့်​ကြောင့်ထိုင်​နေသည်။ခန့်မှန်း​ချေအားဖြင့်လူတစ်​ယောက်အရပ်စာမြင့်သည်။၄င်းမှာလျှာဖြင့်အ​မွှေးများကိုလျက်​နေပြီးသွားဖြဲ၍က​လေးများအား​ခြောက်လှန့်​နေသည်။သခင်ငယ်​လေးအားမြင်​သော်ကိုယ်ကိုထရပ်လိုက်ပြီးဒယိမ်းဒယိုင်ဖြင့်​လျှောက်လာ၏။

ပထမဆုံးအကြိမ်တန်ခိုးစွမ်းအားရှိ​သော​မြေ​ခွေးကြီးအား​တွေ့လိုက်ရ၍သူလည်းထိတ်လန့်ပြီး​ခြေတစ်လှမ်းဆုတ်လိုက်သည်။လက်​မောင်းကိုဆန့်တန်း၍အခြား​က​လေး​များအားကိုယ်​နောက်တွင်ကာကွယ်ထားပြီးသတ္တိ​မွေးကာနှစ်သိမ့်လိုက်သည်။

"မ​ကြောက်ကြနဲ့၊ ​သေချာ​ပေါက်မ​သေမျိုးအကြီးအကဲ​တွေ​မွေးထားတာပဲဖြစ်ရမယ်။"

နှစ်ဖက်မျက်နှာချင်းဆိုင်မိ၍က​လေး​တွေလဲမည်သို့မည်ပုံရှေ့ဆက်သွားရမည်ကိုမသိ​တော့​။တချို့တောင်​အောက်သို့ခိုးဆင်းကြ​​လေ၏။​သူမ​နေခဲ့ဖို့​ဖြောင်းဖျချင်​ပေမယ့်သူသူမကိုတားထားလိုက်သည်။

"ခုနကကိစ္စကို​မေ့သွားပြီလား"

သူမလည်းအတွေးတူ၍ရပ်တန့်လိုက်သည်။

​​တဖြည်းဖြည်းနီးကပ်လာ​သော​​မြေ​ခွေးကနောက်ဆုံး၌သူ၏ရှေ့တွင်ရပ်လိုက်သည်။​မြေ​ခွေးနဲ့အကွာအ​ဝေးက၁​ပေ​တောင်မရှိ​တော့​​။သူလဲက​လေးဆို​တော့ရင်ထဲ​ကြောက်လန့်​နေပြီးမျက်လုံးစုံမှိတ်ထားလိုက်သည်။​မြေ​ခွေးနတ်လဲရှေ့လက်သည်းနဲ့သူ့ပုခုံးအားပုတ်လိုက်၏။တစ်ချိန်တည်း၌ဘေးဘက်မှ​အေးစက်ပြင်းထန်​တဲ့အသက်ရှူနှုန်းများနှင့်က​လေးဆန်​သောအော်သံထွက်​ပေါ်လာသည်။

ချုံဇီWhere stories live. Discover now