လူတစ်ယောက်ချင်းစီတိုင်းရဲ့အနာဂါတ်ကိုအထက်ကောင်းကင်ဘုံကသတ်မှတ်ပေးထားတယ်။အနာဂါတ်ကိုခိုးကြည့်တာကဖြစ်ပြီးသားကိစ္စတွေကိုတွက်ချက်တာထက်အများကြီးအန္တရာယ်များတယ်။နောက်ပြီးမှော်အစွမ်းလဲပိုကုန်ဦးမှာ။ဒါကိုမသေမျိုးဂိုဏ်းမှာအရင်ကတည်းကတားမြစ်ထားပေမယ့်ရှင်ရွှမ်အခုချိန်မှာတော့စမ်းလုပ်ကြည့်ချင်နေတယ်။သူမရဲ့လက်အသေးလေးကိုမှတ်တမ်းစာအုပ်ပေါ်ဖိထားပြီးစဥ်းစားနေတယ်။စွန့်စားမှုအကြီးကြီးတော့မလုပ်ရဲဘူး။
"ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်လို့မဖြစ်ဘူး။ နောင်ဖြစ်လာမယ့်ကိစ္စတွေကိုငါပဲကြည့်လို့ရမယ်၊ မင်းကြည့်လို့မရဘူး။ ငါလဲပြောပြလို့မရဘူး"
သူမအစကပျော်နေတာသူ့စကားကြားမှပဲမျက်နှာလေးကပြိုကျသွားတယ်။
"အဲ့လိုဆိုမှတော့ကျွန်မမသိတာပဲပေါ့!"
ရှင်ရွှမ်နည်းလမ်းကောင်းတစ်ခုစဥ်းစားမိသွားသည်။
"ဒီလိုလုပ်၊ မင်းအနာဂါတ်မှာဘယ်လိုဖြစ်လာမလဲဆိုတာငါအရင်ကြည့်လိုက်မယ်။ တကယ်လို့ကောင်းရင်ခေါင်းညိတ်မယ်၊ မကောင်းရင်ခေါင်းခါမယ်။ ကျင့်ကြံလို့နတ်အရိုးရနိုင်မရနိုင်ကတော့မင်းဘာသာမှန်းကြည့်ပေါ့"
ဒီလိုအချက်ပြတာအရမ်းသိသာတာပဲ။သူမဝမ်းသာသွားတယ်။ရှင်ရွှမ်မျက်လုံးပိတ်ပြီးမှော်ပညာသုံးလိုက်သည်။
ရှေးဟောင်းထျန်းကျီးစာအုပ်ထူထူ၏အလယ်တွင်ထူးဆန်းသိမ်မွေ့သောအဖြူရောင်အလင်းတန်းတစ်ခုစတင်ပေါ်ထွက်လာသည်။ကြယ်ကဲ့သို့တလက်လက်တောက်နေ၏။တဖြည်းဖြည်းနဲ့ပိုများတဲ့ရောင်ခြည်တန်းများတခုပြီးတစ်ခုထွက်လာသည်။
စာအုပ်တစ်အုပ်လုံးအလင်းရောင်များဖြာထွက်နေပြီးပို၍တောက်ပလာသည်။လျှို့ဝျက်မှတ်တမ်းစာအုပ်လဲပြင်းထန်စွာတုန်ခါလာ၏။လက်ဖက်ရည်တစ်ခွက်စာကြာချိန်တွင်အဖြူရောင်အလင်းတန်းရုတ်တရက်ပင်ကွယ်ပျောက်သွားသည်။
YOU ARE READING
ချုံဇီ
RomanceTitle - 重紫 Original Author - 蜀客 This is just a Burmese translation of the novel Chong Zi.All credit goes to original writer Shu Ke.