သူ့ရဲ့စိတ်ထင်ချက်တွေမှန်နေတာကိုအဖြစ်မှန်တွေကသက်သေပြနေတုန်းပဲ။လော့ယင်းဖန်ဒုတိယနေ့အိပ်ယာထတော့ခန်းမထဲကပစ္စည်းတွေသိမ်းဖို့မေ့ခဲ့တာကိုသတိရလိုက်တယ်။ခန်းမထဲကိုသွားကြည့်ပြီးပြန်အလာမှာတော့အခန်းထဲကိုတစ်ယောက်ယောင်ဝင်သွားတာကိုသတိပြုမိလိုက်တယ်။နေ့တိုင်းဆံပင်ချည်ဖို့သုံးတဲ့ဆံထိုးကိုရှာမတွေ့တော့ဘူး။
တကယ်တော့အဲဒီ့ဆံထိုးကမဖြစ်မနေသုံးရမှာတော့မဟုတ်ပါဘူး။ဒီအတိုင်းသုံးရလွယ်ကူတဲ့ပစ္စည်းတွေရုတ်တရက်မရှိတော့တာကိုပဲကျင့်သားမရနိုင်တာ။မကောင်းတဲ့အတွေးတစ်ခုကတဖြည်းဖြည်းပုံပေါ်လာတယ်။လော့ယင်းဖန်အချိန်တစ်ခုလောက်တွေဝေနေပြီးမသပ်မရပ်ဖြစ်နေတဲ့ဆံပင်စုတ်ဖွားနဲ့ပဲအတည်ပြုဖို့အပြင်ထွက်လိုက်တယ်။သေချာတာပေါ့၊ ချုံဇီပင်လယ်လေးစင်းရဲ့ဘေးမှာဆံထိုးကိုယူပြီးရေထဲဟိုရွှေ့ဒီရွှေ့နဲ့ဆော့နေတာ။
လော့ယင်းဖန်ငိုရမလားရယ်ရမလားတောင်မသဲကွဲတော့ဘူး။
"ချုံအာ! ချုံအာ!"
ချုံဇီသူ့ကိုကြည့်လိုက်ပြီးအမြန်ပြေးလာသည်။
"ဆရာ"
"ဆရာ့ပစ္စည်းတွေကိုဘယ်လိုလုပ်ခွင့်ပြုချက်မရှိဘဲယူသုံးရတာလဲ?"
"............"
လော့ယင်းဖန်ကလေးနဲ့ပြိုင်ပြီးစိတ်ဆိုးမှာမဟုတ်ပေမယ့်တပည့်လေးကခေါင်းမာပြီးအဆော့သန်လွန်းတယ်။ဆရာကိုတောင်မျက်လုံးထဲမထည့်ဘူး။အလိုလိုက်လွန်းတာကတပည့်ကိုသွန်သင်တဲ့နေရာမှာသုံးသင့်တဲ့နည်းလမ်းမဟုတ်ဘူး။ကောင်းကောင်းအပြစ်ပေးသင့်နေပြီ။သူ့မျက်နှာကိုတည်လိုက်၏။
"အကြီးကိုရိုသေလေးစားမှုမရှိဘူး၊ မင်းကိုဒီနေရာမှာနှစ်နာရီဒူးထောက်ဖို့အပြစ်ပေးတယ်"
ချုံဇီငြိမ်ငြိမ်လေးဒူးထောက်ရုံသာတတ်နိုင်သည်။လော့ယင်းဖန်ကျောက်စိမ်းဆံထိုးကိုယူ၍ခန်းမထဲသို့ပြန်ဝင်သွားသည်။ခဏကြာသော်အပြင်ဘက်မှငိုသံထွက်လာ၏။
YOU ARE READING
ချုံဇီ
RomanceTitle - 重紫 Original Author - 蜀客 This is just a Burmese translation of the novel Chong Zi.All credit goes to original writer Shu Ke.