ချင်းဟွာနန်းဆောင်၏အထပ်၉ထပ်မှာတောင်၏ပုံသဏ္ဍာန်ကိုလိုက်၍တည်ဆောက်ထားခြင်းဖြစ်ပြီးခြေလှမ်း၉လှမ်းနှင့်ပင်တူနေသည်။တောင်ထိပ်ကိုရောက်သည်အထိအထပ်တိုင်းမှာလွန်စွာခမ်းနားလှသည်။သူမလော့ယင်းဖန်နောက်လိုက်ပြီးသင်ယူခဲ့တာ၂နှစ်ကြာပြီဖြစ်သောကြောင့်စာလုံးတော်တော်များများကိုလည်းသိပြီးနေပြီ။သို့သော်အဓိကခန်းမနှင့်အရံခန်းမများ၏အမည်များကများပြားလွန်းသဖြင့်အရေအတွက်ကိုသာမှတ်သား၍တစ်ထပ်ချင်းစီတက်သွားသည်။ပထမ၊ဒုတိယ၊တတိယအထပ်ရှိခန်းမအားလုံးမှာဧည့်သည်လက်ခံဖို့အတွက်စီစဥ်ထားခြင်းဖြစ်သည်။
တတိယအထပ်၏အဓိကခန်းမအတွင်းတွင်ထူးခြားသောအဆင့်အတန်းရှိသည့်ဧည့်သည်တော်များထိုင်နေကြသည်။လက်ဖက်ရည်သောက်ပြီးစကားပြောနေကြသည်မှာစည်ကားလှ၏။သာမန်လူသားများရှိသလိုမသေမျိုးနတ်များလဲရှိသည်။သူတို့အထဲတွင်အများစုကဂိုဏ်းချုပ်များနှင့်ဦးဆောင်သူပထမတပည့်များဖြစ်သည်။
မသေမျိုးဂိုဏ်းရှိလူများမှာဂုဏ်အဆင့်အတန်းကိုသက်သေပြဖို့အတွက်မှော်လက်နက်များမကြာခဏအသုံးပြုကြသည်။ခါး၌ဓါးရှည်ချိတ်ထားသူများနှင့်ချွန်ထက်သောလက်နက်ကိုကိုင်ထားသူများကမသေမျိုးဓါးဂိုဏ်းဖြစ်ပြီးဓါးရှည်မချိတ်ထားသူများကမန္တာန်ဂိုဏ်းဖြစ်သည်။အချို့ချွင်းချက်ရှိသူများလဲရှိ၏။ဥပမာအားဖြင့်မသေမျိုးဓါးဂိုဏ်းမှရှင်ရွှမ်ကားဓါးမရှိချေ။မန္တာန်ဂိုဏ်းထဲတွင်စွမ်းအင်ပုလဲလုံးကိုင်ဆောင်သူများပါဝင်သည်။
ချုံဟွာအရှင်ရောက်ရှိကြောင်းကြား၍ပရိတ်သတ်များထကာကြိုဆိုကြလေသည်။လော့ယင်းဖန်စကားအနည်းငယ်ပြန်လည်ဖြေကြားပြီးနောက်ကျော်ယောက်သူ့ကိုခေါ်ကာအထဲသို့ဝင်လာခဲ့သည်။အနောက်တံခါးမှထွက်ကာလေးထပ်မြောက်ခန်းမရှေ့ကိုရောက်သည်အထိကျောက်လှေကားများအတိုင်းတက်လာခဲ့ကြသည်။
အပြင်ဘက်၌စောင့်ကြပ်နေကြသောဂိုဏ်းသားများလဲကျောက်ယောက်နဲ့လော့ယင်းဖန်ကိုမြင်သည်နှင့်အရိုအသေပြုလိုက်ကြ၏။လေးထပ်မြောက်တွင်လူနှစ်ယောက်သာရှိလေသည်။အသက်၃၀ခန့်ရှိသောမသေမျိုးအကြီးအကဲတစ်ယောက်ခုံပေါ်တွင်ထိုင်နေ၏။ပူပန်သောအမူအရာရှိပြီးလက်ဖက်ရည်သောက်လိုတဲ့စိတ်အခြေအနေလဲရှိမနေပေ။သူ့အနောက်ဘက်တွင်တပည့်ဂိုဏ်းသားတစ်ယောက်တိတ်တိတ်ဆိတ်ဆိတ်ရပ်နေ၏။
YOU ARE READING
ချုံဇီ
RomanceTitle - 重紫 Original Author - 蜀客 This is just a Burmese translation of the novel Chong Zi.All credit goes to original writer Shu Ke.