ကျင့်ရှင်းမှော်ပညာဆိုတာကောင်းကင်မှော်ပညာတွေထဲမှာအဆင့်အမြင့်ဆုံးနဲ့သနားညှာတာမှုအရှိဆုံးပဲ။ပုံမှန်မှော်ပညာတွေလိုသတ်ဖြတ်ခြင်းကိုဦးစားမပေးဘဲရင်ထဲကမိစ္ဆာကိုသန့်စင်ပေးတယ်။မိစ္ဆာမရှိတော့ရင်နောက်ဘဝမသေမျိုးဖြစ်တဲ့အထိပါကျင့်ကြံနိုင်တဲ့လမ်းရှိတယ်။ဒါကမှစစ်မှန်တဲ့မိစ္ဆာတွေကိုဖယ်ရှားတဲ့မှော်ပညာပဲ။နှမြောစရာကသူ့ကိုတီထွင်ခဲ့တဲ့ရှေးနတ်မင်းတွေတောင်အောင်မြင်အောင်မကျင့်ကြံနိုင်ခဲ့ဘူး။နန်ဟွာထျန်းဇွင်းကိုယ်တိုင်အမြင့်ဆုံးကောင်းကင်မှော်ပညာထဲကကျိမျဲ့(寂灭)ကိုပဲသုံးနိုင်ခဲ့ပြီးမိစ္ဆာအရှင်နိလွင်ကိုသုတ်သင်ခဲ့တယ်။နောက်ဆုံးတော့လဲနှစ်ယောက်စလုံးသေဆုံးသွားရတယ်။
"မင်းရဲ့သဘောအတိုင်းသာဆိုရင် မင်းကျင့်ရှင်းမှော်ပညာကိုကျင့်ကြံအောင်မြင်သွားတဲ့အချိန်ထိစောင့်ရမယ်ပေါ့၊ ဘယ်နှစ်ဘယ်လမှန်းမသိဘဲနဲ့?"
"နှစ်၂၀၀၊ နှစ်၂၀၀ပဲလိုအပ်တယ်။နှစ်၂၀၀ကြာပြီးလို့ကျွန်တော်ကျင့်ရှင်းမှော်ပညာကိုအောင်မြင်အောင်မကျင့်ကြံနိုင်ဘူးဆိုရင်ဦးလေးတို့သူ့ကိုစီမံခွင့်ပြုတယ်"
ယွီတုထပ်ပြီးခါးသက်သက်ပြုံးမိတယ်၊ ဒီဘဝင်မြင့်နေတဲ့ဆရာတူညီလေးကတော့လေ။စဥ်းစားကြည့်ပြန်တော့လဲဒီနည်းလမ်းကသာအန္တရာယ်အကင်းဆုံးဖြစ်သလိုဘာနည်းလမ်းမှမရှိတဲ့ထဲကတစ်ခုတည်းသောနည်းလမ်းပဲ။ကလေးတစ်ယောက်ကိုလဲဘာအကြောင်းအရင်းမှမရှိဘဲမသတ်နိုင်ဘူး။ဘာပဲဖြစ်ဖြစ်လော့ယင်းဖန်သင်တာကလဲအရိုးကြွက်သားတွေကိုသန့်စင်တဲ့အရိုးရှင်းဆုံးနဲ့အလွယ်ကူဆုံးနည်းပဲလေ။အများဆုံးကအရိုးတွေလဲပြီးခန္ဓါကိုယ်ပြောင်းသွားအောင်လောက်ပဲကူညီနိုင်တာ။မသေမျိုးမှော်ပညာကိုထိန်းချုပ်ပြီးတိုက်ခိုက်ဖို့အတွက်မလုံလောက်ဘူး။ဘာမတော်တဆမှုမှမရှိဘူးဆိုရင်ရာစုနှစ်အနည်းငယ်လောက်ထားထားတာလဲကြီးကြီးမားမားထိခိုက်တာမှမဟုတ်ဘဲ။
စကားကဒီအထိရောက်လာမှတော့မင်ယွင်ကျုံးလဲထပ်ပြီးအတင်းအကြပ်မလုပ်တော့ဘူး။
YOU ARE READING
ချုံဇီ
RomanceTitle - 重紫 Original Author - 蜀客 This is just a Burmese translation of the novel Chong Zi.All credit goes to original writer Shu Ke.