နန်ဟွာတောင်တွင်တောင်ထွတ်၁၂ခုရှိသည်။နန်ဟွာထျန်းဇွင်းယခင်ကနေထိုင်ခဲ့သောနန်ဟွာတောင်ထွတ်မှာအဓိကဖြစ်ပြီးလက်ရှိတွင်ဂိုဏ်းချုပ်ဆရာကြီးယွီတု၏နေထိုင်ရာဖြစ်သည်။တောင်ထွတ်၄ခုထဲတွင်မော်ယွင်(摩云)တောင်ထွတ်၌ကြီးကြပ်ရေးဆရာမင်ယွင်ကျုံး၊ထျန်းကျီးတောင်ထွတ်၌ထျန်းကျီးအရှင်ရှင်ရွှမ်၊ဇီကျူတောင်ထွတ်၌ကာကွယ်ရေးဆရာလော့ယင်းဖန်စသဖြင့်အသီးသီးနေထိုင်လေ၏။ဂိုဏ်းချုပ်ဆရာကြီးယွီငယ်စဥ်အခါကကျင့်ကြံခဲ့သောနေရာဖြစ်သည့်ယွိချန်တောင်ထွတ်သည်ကားယခုအခါတွင်အခွံဖြစ်နေလေပြီ။အခြားကျန်ရှိနေသောတောင်ထွတ်အသေး၇ခုတွင်နန်ဟွာဂိုဏ်းသားတပည့်များနေထိုင်ကြသည်။
နန်ဟွာတောင်ထွတ်၏ခမ်းနားကြီးကျယ်ပုံနှင့်စာလျှင်ဇီကျူတောင်ထွတ်၏သဘာဝရှုခင်းမှာတမျိုးသာ။လှပခြင်း၊အထူကောင်းခြင်းတို့ကားလုံလောက်မှုမရှိသော်လည်းအညစ်အကြေးများမှကင်းစင်နေသောအရသာခံစားချက်မျိုးပေးလေသည်။ဝါးပင်များသဘာဝအလျောက်တောင်ပြည့်တောင်လျှံပေါက်ရောက်နေ၏။တောအုပ်အကြား၌တိမ်ဖြူလေးများမျောလွင့်နေပုံမှာကော်ဇောခင်းထားသကဲ့သို့။ခြေထောက်အောက်မှမြေဆီလွှာအားမြင်နိုင်ခြင်းမရှိ၊ အရာအားလုံးတိမ်ဖြူထက်မှမွေးဖွားလာသလို။
တိမ်ပေါ်လွင့်မျောနေသည့်ဂန္တဝင်ဆန်သောသဏ္ဍာန်ရှိသည့်နန်းဆောင်မှာတောင်ထွတ်၏ထိပ်၌တဝက်တပျက်ပုန်းကွယ်နေသည်။ခန်းမရှေ့တွင်ကြည်လင်သောစမ်းချောင်းကလေးတစ်ခုဖြတ်သန်းစီးဆင်းနေ၏။အကျယ်မှာ၃ပေခန့်ရှိ၍ရေမျက်နှာပြင်ထက်တွင်အခိုးအငွေ့များပေါ်ထွက်နေသည်။နက်ရှိုင်းသည်မှာအောက်ခြေအားမမြင်နိုင်။ကြည့်ရတာတော့အထဲတွင်ငါးကလေးများမထင်မရှားကူးခတ်နေသလို။အပေါ်မှကျောက်ခဲတံတားတစ်စင်းခင်းထားပြီးရေမျက်နှာပြင်သည်တံတားအောက်ခြေနှင့်ညီမျှလုနီးပါး။
တိမ်ဖြူများနှင့်ခင်းထားသည့်မြေပြင်၌သန့်ရှင်းသောကျောက်ပြားများမှာခြေလှမ်းတိုင်းတွင်ရှိနေပြီးခန်းမကြီးရှိရာသို့ဦးတည်နေသည်။စင်္ကြံလမ်းရှိတိုင်များမှာလွန်စွာရှေးဆန်လေ၏။ခန်းမတွင်လည်းလူအရိပ်အရောင်ဟူသည်မရှိ။
YOU ARE READING
ချုံဇီ
RomanceTitle - 重紫 Original Author - 蜀客 This is just a Burmese translation of the novel Chong Zi.All credit goes to original writer Shu Ke.