Episode - 3

510 88 16
                                    

- 🪽 -

အဲ့ဒီ့နေ့က ပြဿနာကြောင့် တစ်ပတ်အကြာမှ သူကျောင်းတက်နိုင်သည်။ တောင်ပိုင်းသားရဲ့ လက်စ က သုံးလေးရက်နဲ့ပျောက်သွားပေမယ့် သူလိုလူက အထိုးခံလိုက်ရတယ်ဆိုတာ ရှက်စရာဖြစ်ရပ်ကြီးမလို့ ကျောင်းမသွားချင် ။ ဒီနေ့တော့ မေမေကအတင်းလွှတ်သည်မို့ လာခဲ့ရသည်။ ပြီးတော့ ညီမဖြစ်သူကို စိတ်မချနိုင်ဖြစ်၍ လာရခြင်းပင်။

အတန်းကိုစောစောလာခဲ့တာမို့ သူတစ်ယောက်သာအတန်းထဲရှိနေ၏။ ထို့ကြောင့် မင်ဂယူးကိုစောင့်ရင်း ပျင်းတိပျင်းရွဲဖြင့် ထိုင်ခုံပေါ်လျောထိုင်ကာ ဂိမ်းနှိပ်နေမိသည်။

တစ်ဖက်က တဒိုင်းဒိုင်းပစ်သံကြောင့် ပစ်တဲ့ကောင်ရဲ့ တည်နေရာကိုရှာရင်း တွေ့တာနဲ့ တစ်ချက်ထဲ ဂိအောင်ပစ်လိုက်သည်။ ထို့နောက် သူ့ရဲ့သေနတ်ကို အသစ်လဲ၍ ကျည်ထည့်လိုက်ပြီး ရှေ့ဆက်သွားသည်။ ထိုအတိုင်း တစ်ယောက်ပြီး တစ်ယောက်ပစ်ကာ နောက်ဆုံးနေရာကိုရောက်လာသည်။

တစ်ဖက်က သူ့ကိုပစ်နေသောကောင်ကို တော်တော်နဲ့ရှာမရဘဲ ဖြစ်နေပြီး နောက်ဆုံးထိုကောင်က တိုက်ရဲ့ လေသာဆောင်ပေါ်ရောက်နေသည်။ သူလေသာဆောင်ပေါ် တက်သွားလိုက်ပြီး သူ့ကိုရှာနေတဲ့ကောင်ကို နောက်က‌နေ တစ်ချက်တည်းဖြင့်ပွဲချင်းပြီးအောင် လုပ်လိုက်သည်။

“  Victory !! အဟမ်း .. ဟန့်!”

နိုင်သွားသည်မို့ ထအော်လိုက်တာနှင့် တပြိုင်နက် တောင်ပိုင်းသားကင်မ်မျိုးနွယ်က အတန်းထဲဝင်လာသည်နဲ့တိုးသည်။ ဒါ့ကြောင့်သူအကျယ်ကြီးအော်မိရာက အီလည်လည်ဖြင့် ချောင်းဟန့်လိုက်သည်။

တောင်ပိုင်းသားသည် ကျောပိုးအိတ်ကိုကိုင်ကာ တစ်လှမ်းချင်းလာနေတာဖြစ်သည် ။ မသိရင် သူ့ကိုယ်သူ မော်ဒယ်လိုလိုဘာလိုလို စတိုင်ကိုက ဖြတ်ရိုက်ချင်စရာ။ ကင်မ်မျိုးနွယ်က ညာဘက်တွင် နားဆွဲအရှည်ကိုလည်းဆွဲထားပြီး ဂုတ်‌ထောက် ရွှေအိုရောင်ဆံပင်ကို တစ်ဝက်စည်းနှောင်ထားသေး၏။သို့သော် ကင်မ်မျိုးနွယ်သည် ခါတိုင်းနဲ့မတူဘဲ အသားအရည်ဟာ ကြည်ဖျော့နေသည်။ မျက်နှာကလည်း အနည်းငယ်ချောင်ကျနေသလို။

We're not ROMEO and JULIET Where stories live. Discover now