Episode - 2

452 87 14
                                    

-🪽-

သူတို့စာသင်ခန်းသည် လေးထပ်‌မြောက်ဖြစ်ပြီး locker ခန်းက အောက်ဆုံးအထပ်ဖြစ်သည်မို့ သူရောက်နေသည့် တတိယထပ် လှေကားမှ အဆင့်တွေကျော်ကာပင် အမြန်ပြေးဆင်းတော့သည်။ စိတ်ထဲ၌လည်း ကင်မ်မျိုးနွယ်အား ‌အတော်လေးဒေါသထွက်နေသည်။

Enigma ဖြစ်သည့်အတွက် ‌မြောက်များစွာသောလှေကားပေါ်က ပြေးဆင်းသည့်တိုင် မောပန်းခြင်းအလျဉ်းမရှိ locker ခန်းသို့ လျင်မြန်စွာရောက်သွားသည်။

ရပ်ကြည့်နေတဲ့ လူအုပ်အားတိုးဝေ့ပြီးနောက် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့ဒေါသဟာ နာမတစ်ခုအဖြစ်ပြောင်းသွားသလို။

သူမြင်နေသည့်မြင်ကွင်းမှာ ကင်မ်မျိုးနွယ်ရဲ့ တည်ငြိမ်ခြင်း ရင့်ကျက်ခြင်းတွေ ပျောက်ကွယ်နေကာ စိတ်လွတ်စွာဒေါသထွက်နေပုံပင်။ သူ့ရဲ့မြောက်ပိုင်းသားက အသေအလဲအထိုးခံနေရတာကို သူစိတ်မပူမိပေမယ့် ပြောင်းလဲသွားမယ့် ကင်မ်မျိုးနွယ်ရဲ့ပုံစံကိုအာရုံစိုက်နေမိသည်။

ကင်မ်ဆော့ဂျင်က မျက်နှာတစ်ခုလုံးနီရဲနေပြီး မျက်လုံးအရောင်မှာ ကျောက်နီရောင် ကဲ့သို့ဖြစ်နေပြီး လက်ဖျံအကြောများလည်းတင်းကာထောင်နေသည်။ နံရံကိုကပ်နေသော မြောက်ပိုင်းသားအား စက္ကန့်မလပ်ထိုးကြိတ်နေခြင်း အကြောင်းအရာကိုတိတ်တဆိတ်သိချင်နေမိသည်။

သူကိုယ်တိုင် ကင်မ်ဆော့ဂျင်နဲ့ ခဏခဏရန်ဖြစ်ခဲ့ဖူးပေမယ့် ဒေါသမဆွနိုင်ခဲ့တာအမှန်။ သူကသာ ဒေါသဖြစ်ပြီး ကျန်ခဲ့တာဖြစ်သည်။ ဆိုတော့ ဘယ်အရာကများ ကင်မ်မျိုးနွယ်ကို ဒီလိုစိတ်ရိုင်းဝင်စေတာလဲ ။

“ဂျောင်ဂု မင်းဘာရပ်လုပ်နေတာလဲ တားပါအုံး သေကုန်မယ်!”

သူ့လက်ကိုလှုပ်ကာ ပြောလာတဲ့ ပါမောက္ခချွဲ ရဲ့အသံကြားမှ ကိုယ်တိုင်ကြောင်ကြည့်နေမိတာသတိရသွားသည်။ ထို့နောက်သူ အလျင်အမြန်ပဲ ဘေးလူမဝင်ရဲတဲ့ ထိုးကြိတ်နေတဲ့ နှစ်ဦးနား ချဉ်းကပ်လိုက်သည်။ ။

ဘေးတိုက်မြင်နေရတဲ့ တောင်ပိုင်းသားရဲ့မျက်နှာမှာ ချွေးစို့နေသည်။ ထိုအခါမှသူသတိထားမိလိုက်တာက တောင်ပိုင်းသာသည် pheromone တွေကိုလွတ်ထွက်မသွားအောင် ထိန်းချုပ်ထားတာပင်။

We're not ROMEO and JULIET Where stories live. Discover now