- 🪽 -
ဆည်းလည်းပန်းနားဆွဲ နီရဲရဲတစ်ဖက်ဆီနဲ့ ကလေးတွေပြုသမျှ နုနေရတဲ့ ဖခင်ကြီးနှစ်ယောက်ဟာ ဆော့သာဆော့ပေးရတယ် ခေါင်းတကုတ်ကုတ် ၊ ဖှုန်တခါခါ ။
♪"ဖေဖေကြီး ~ ဖေဖေကြီး ~ ဖေဖေကြီးကိုချစ်တယ်"♪
♪"ဖေဖေလေး ~ ဖေဖေလေး ~ ဖေဖေလေးကို ချစ်တယ်"♪
သီချင်းလေးတငြီးငြီးဖြင့် အွန်းဝူလေးရယ် ၊ အစ်ကိုတွေအစ်မတွေရယ်ဟာ သူတို့ရင်ထဲရှိတဲ့အတိုင်း ဖြူဖြူစင်စင် ဆော့နေကြသည် ။ ဂျောင်ကုနဲ့ဆော့ဂျင်က ကလေးတွေ ထိုင်ခိုင်းထားတဲ့ မြက်ခင်းပေါ်မှာ ကပ်လျက်ထိုင်နေကြ၏ ။
ကလေးတွေဟာ အလုပ်ကိုယ်စီဖြင့် ။ သူတို့နှစ်ဦးကို ထိုင်ပြီး ကြည့်ခိုင်းတဲ့ပုံ ။ နာအွန်းလေးက အစ်ကိုဖြစ်သူ ရန်ရန်းခူးပေးတဲ့ တောပန်းလေးတွေကို ခြင်းတောင်းထဲထည့်ထားသည် ။
"ဒါက ဒီညနေစာအတွက်. .~ ဟင်းချိုတစ်ခွက်တော့ရမှာပါ"
"ကိုကို. .နာအွန်းအသားဟင်းစားချင်လိုက်တာ"
"စားရမှာပေါ့ ညီမလေးရယ် . .ကိုကိုက အလုပ်ကြိုးစားပြီး ဝယ်ကျွေးမယ်နော်"
"ဟုတ်ကဲ့ ကိုကို!"
မျက်နှာငယ်လေးဖြင့် ခေါင်းညိတ်ပြတဲ့ နာအွန်းလေးကို ရန်ရန်းက ခေါင်းလေး ဖွဖွပုတ်ပေး၏ ။ မသိလျှင် အမှန်တကယ်ပဲ ခက်ခဲကြမ်းတမ်းနေသဖွယ် ။
ထိုအချင်းအရာကြောင့် ဖခင်တို့နှစ်ဦးမှာ မတိုင်ပင်ထားပါဘဲ မျက်ရည်ဝဲကာ သဘောတကျရှိလျက် ။ ဒီနှစ်အတွက် အော်စကာဆုကို ဒီကလေးနှစ်ယောက်ကို ပေးရမည် ။ ကြည့်ရှုသူ အနွယ်ဝင်နှစ်ယောက်ကို မျက်ရည်ဝဲအောင် လုပ်နိုင်တာ တော်ရုံအရည်အချင်းနဲ့တော့ မရ ။
တစ်ဖက်တွင်အမြွှာနှစ်ယောက်က မြက်နုတ်လိုက် ၊ပေါင်းသင်လိုက်ဖြင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရရှာ၏ ။
"အယ်လီရေ ဒီအခင်းပြီးရင် ထမင်းစားနားရအောင်. . ဘာချက်တွေထည့်လာလဲ!"
"ခါတိုင်းလို ချဉ်ပေါင်ရွက်ဟင်းချိုနဲ့ ငါးခြောက်စပ်စပ်ကလေးကြော်ထည့်လာတယ် မော်လီ"
YOU ARE READING
We're not ROMEO and JULIET
Werewolf" ငါတို့ရဲ့ဇာတ်သိမ်းက ရိုမီယိုနဲ့ဂျူးလိယက် လိုဖြစ်နေမှာလား. . ? ဒါပေမယ့် မင်းနဲ့ငါက ရိုမီယိုနဲ့ဂျူးလိယက်မှမဟုတ်ဘဲ. .~ " Enigma - JUNGKOOK Dominant alpha - JIN 010823 - by Fogi-Nochu 🦦