Episode - 9

330 69 21
                                    

-🪽-

အွန်းဗြောလ်ဟာ သူ့ရဲ့ fan တွေအတွက် trip vlog ကိုသေသေချာချာလေး ရိုက်နေတာဖြစ်သည်။ ကျောပိုးအိတ်အကြီးကြီးလွယ်ထားရတဲ့ omega ဖြူဖြူလေးဆိုပေမယ့် ကင်မရာကိုတော့မချပေ။ ဓာတ်မီးတစ်လက် tripod တကားကားနဲ့ဖြစ်ပြီး enigma နဲ့ dominant alpha ကြားကလိုက်ပါလာသည်။

“ ဒီလောက်လျှောက်လာရတာတောင် တောင်ပေါ်ရောက်ဖို့ ဝေးသေးတာပဲ တွေ့ရဲ့လား သည်းလေးတို့”

အွန်းဗြောလ်က ကင်မရာကို လှည့်ပြလိုက်သည်။

“ဒါပေမယ့် မောနေပြီမို့ ဆက်ရိုက်လို့မဖြစ်တော့ဘူး byee! ဗြောလ်နဲ့ နောက်တစ်ပိုင်းမှတွေ့မယ်နော်”

တောင်ပေါ် ရောက်ဖို့ တစ်ဝက်တောင် မကျိုးသေးပေမယ့် အွန်းဗြောလ်တစ်ယောက်က မောဟိုက်နေပြီဖြစ်သည်။

ကင်မရာကို ပိတ်လိုက်သော အွန်း‌ဗြောလ်သည် ဂျောင်ဂုနဲ့ဂျင်ကို တစ်လှည့်စီကြည့်သည်။

“ခဏလောက်နားကြရအောင်ပါ့လား သူငယ်ချင်းတို့ရယ် ငါမောနေပြီဟ!!”

“အင်း.. နင်မောနေရင် နားမယ်လေ”

ဂျောင်ကုက ဘေးဘီဝဲကြည့်ရင်းပြောသည်။  နေမဝင်သေးပေမယ့် ပတ်ဝန်းကျင်အခြေအနေကို ဂရုစိုက်ပြီး သတိထားနေသည့် ဂျောင်ကုနဲ့ ‌ဆန့်ကျင်စွာ ဆော့ဂျင်ကတော့ အေးအေးဆေးဆေးပင်။

ဆော့ဂျင်သည်လည်း သီချင်းနားထောင်နေပေမယ့် မျက်ဝန်းတို့က စူးရှနေသည်။ သီချင်းသံကလည်း သူ ကြားရုံလောက်သာဖြစ်ပြီး ဂျောင်ကုတို့ဘာပြောပြောကြားနေရသည်။

သူလည်း ရပ်လိုက်ပြီး လွယ်အိတ်ထဲက ရေဘူးထုတ်ကာ အွန်း‌ဗြောလ်ကို ကမ်းပေးလိုက်သည်။

“ ကျေးဇူးပါ..ဂျင်”

အွန်း‌ဗြောလ်က ဆော့ဂျင်လက်ထဲ ပြန်ထည့်ပေးတော့ ဆော့ဂျင်က တစ်ငုံသောက်သည်။ ပြီးနောက် သစ်ငုတ်လေးပေါ် ထိုင်နေတဲ့ ဂျောင်ကုဆီကို သွားပေးလိုက်သည်။

“အဆိပ်မထည့်ထားပါဘူး”

ရေဘူးကို မယူသေးဘဲ ‌သူ့ကိုသာ စိုက်ကြည့်နေတဲ့ ဂျောင်ကုကြောင့် တမင်ပြောလိုက်ခြင်းဖြစ်သည်။ ထိုအခါမှ ဂျောင်ကုက ယူသောက်သည်။

We're not ROMEO and JULIET Where stories live. Discover now