Episode - 10

360 69 36
                                    

-🪽-

တောင်ပေါ်ရောက်သည်နှင့် အွန်းဗြောလ်က
လက်နှစ်ဖက်ကို ဆန့်တန်းပြီး အေးစိမ့်စိမ့်လေကို အဝရှုသွင်းလိုက်သည်။

ဆော့ဂျင်က အထုပ်အပိုးတွေချပြီးတည်းက
ထင်းကောက်ဆိုပြီး ပျောက်သွားသည်။
ဂျောင်ကုက ရွက်ဖျင်တဲသုံးခုကို တြိဂံပုံဏ္ဍာန်
နေရာချကာ ဆောက်လုပ်နေ၏။

အွန်းဗြောလ်ကတော့...

“အာညော် ချစ်တို့ရေ...နားမယ့်နေရာတော့ရောက်လာပြီ မှောင်သွားပြီမို့ မနက်ရောက်ရင်
ရှုခင်းလှလှလေးဆီ ချစ်တို့ကို အလည်ခေါ်မယ်နော်..အခုတော့ ဘိုင့်ဘိုင်”

သူမ၏ fan တွေကိုနှုတ်ဆက်ပြီးသည်နှင့် ‌ချိုင့်တွေကိုထုတ်လိုက်သည်။ ညစာအတွက် ချန်ထားသည့် ဟင်းချိုင့်တွေကို သက်သက်ထားကာ နွှေးဖို့အတွက်ပြင်ဆင်ရသည်။

“ထင်းချောင်းတွေက အစိုတွေပါတယ် အဆင်ပြေပါ့မလားတော့မသိဘူး”

လက်ထဲမှာ ထင်းတွေတပွေ့တပိုက်နဲ့ ပြန်ရောက်လာတဲ့ ဆော့ဂျင်က ဆိုသည်။ ထင်းတွေကို အွန်းဗြောလ်အနားချလိုက်ပြီး

“မီးခြစ်ပါလား”

“ဘေးအိတ်ထဲကို နှိုက်လိုက် ”

ဂျောင်ဂုက တဲထိုးနေရင်း လှမ်းပြောတော့ ဆော့ဂျင်က ဂျောင်ဂုလွယ်အိတ်ထဲက မီးခြစ်ကို ယူကာ အွန်းဗြောလ်ကို ပေးလိုက်သည်။

“သွားကူလိုက်ဦးမယ်”

အွန်းဗြောလ်ကို မီးမွှေးခိုင်းလိုက်ပြီး သူကတော့ ဂျောင်ဂုကို သွားကူလိုက်သည်။  ဂျောင်ဂုဆောက်နေတာလည်း နှစ်ခုမြောက်ဖြစ်နေပြီမို့ သူကတော့ သုံးခုမြောက်ကို ဆောက်လိုက်သည်။

သူဆောက်နေတဲ့အလုံးက ဂျွန်ဂျောင်ဂုရဲ့ ရွက်ဖျင်တဲဖြစ်ပြီး ဂျောင်ဂု ဆောက်နေတဲ့ ‌နှစ်ခုမြောက်ကတော့ သူ့ရွက်ဖျင်တဲဖြစ်သည်။ အားလုံးပြီးစီးချိန်မှာတော့ အွန်းဗြောလ်ကလည်း မီးမွှေးပြီးပြီဖြစ်သည်။

မီးပုံကို အလယ်မှာထားပြီး dinner စားကြသည်။ ‌ထို့နောက်တွင်တော့ ဆော့ဂျင်က မီးပုံဘေးမှာ ထသွားကာ သူ၏တဲထဲဝင်သွားသည်။

We're not ROMEO and JULIET Where stories live. Discover now