Episode - 1

1.1K 99 11
                                    

- 🪽 -

အနောက်ပိုင်းတောအုပ်အလယ်တွင်ဖြစ်သည်။
သူ့ဘေးမှာပါလာတဲ့ လက်အောက်ငယ်သားနှစ်ယောက်ကို မျက်ခုံးပင့်ပြလိုက်တော့ ခေါင်းငြိမ့်ကာ ချက်ချင်း အသွင်ပြောင်းသွားသည်။

ထိုအချင်းအရာကြောင့် ရှေ့ကအလှလေးကလည်း ဟက်ခနဲ ရယ်သည်။ စတင်တိုက်ခိုက်တော့မည့်အခြေအနေမှန်းသိသည့် အလား ထိုအလှလေးဟာလည်း ပါလာတဲ့ လူတွေအား အသွင်ပြောင်းခိုင်းတော့သည်။

ဝုန်း!

အချက်ပြလိုက်သည်နှင့် သူတစ်ပြန်ကိုယ်တစ်ပြန် ချနေကြသော ဝံပုလွေလေးကောင်ကိုကြည့်ပြီး ဗိုက်နှိပ်ကာ အော်ရယ်မိမည့် စိတ်ကိုထိန်းထားရသည်။။ ဘယ်လိုအခြေအနေပဲရောက်ရောက် သူနိုင်မှာပဲ ။အလှလေးခေါ်လာတဲ့ကောင်လေးတွေ သေးသေးကွေးကွေးအိုမီဂါလေးတွေလေ။

တွေးလိုက်တဲ့အတိုင်းပင် သူ့ကောင်တွေက အပေါ်စီးက နေရာယူတော့သည်။ လက်သည်းချွန်ချွန်နှင့် တစ်ဖက်ကောင်ရဲ့ လက်မောင်းကိုကုတ်ခြစ်ပြီး ပခုံးအားကိုက်ဖြတ်တော့သည်။

သူ မမှိန်မသုန် လက်ပိုက် ကြည့်နေတဲ့ မျက်စိရှေ့ကအလှလေးရဲ့ မျက်နှာအမူအယာအား အတင်းဖတ်နေပါသော်လည်း ဘာလိုမှဖတ်မရ။ တအားတည်တံ့လွန်းလှသည်။ သူ့ကောင်တွေခံနေရတာတောင် လက်ပိုက်ကြည့်နေနိုင်တာကို ထွေထွေထူးထူးအံ့ဩမနေတော့ ခါတိုင်းလည်း ဒီလိုပဲဟာ။

အမွှေးအုတ်ခဲကျိုးအရောင်နဲ့ကောင်မှာ သူ့ကောင်ထဲကတစ်ကောင်လုပ်လို့ သတိမေ့မြောသွားသည်။
နောက်ထပ် ဗလမရှိပေမယ့် ဇရှိတဲ့တစ်ကောင်ကိုတော့ တော်ရုံတိုက်ခိုက်မရ။ သူ့ကောင်နှစ်ကောင်ကိုပါ ထိခိုင်အောင်လုပ်နိုင်သည်။

ချွန်မြနေတဲ့လက်သည်းအားသုံးကာ ဝေ့ယမ်းလိုက်တော့ ချာလီလို့ခေါ်တဲ့ သူ့ကောင်ထဲကတစ်ကောင်ရဲ့ မျက်လုံးကိုခြစ်မိသွားသည်မို့ သူချာလီ့ကို ဆက်မတိုက်ခိုင်းတော့ပဲ သူ့ဘေးခေါ်လိုက်သည်။

‘ရှီးပဲ’

ဒီတစ်ခေါက် အလှလေးက ဘယ်ကကောင်ကိုရှာလာတာလဲ။ ဒီတစ်ကောင်ရဲ့ တိုက်ကွက်တွေကမိုက်လွန်းနေတယ်လေ။

We're not ROMEO and JULIET Where stories live. Discover now