Episode - 6

651 87 11
                                    

- 🪽 -

“မရပ်သေးဘူးလား”

သူ့ကို လိုက်ခဲ့ ဟုခေါ်လာတဲ့ဂျောင်ဂုသည် ကျောင်းအနောက်ဘက်ကအဆောက်အဦးအပျက်တွေကို ကျော်လွှားပြီးတာတောင် ယခုအချိန်အထိမရပ်။ လိုက်လာရင်းစိတ်မကြည်တော့သည်မို့ သူဆောင့်အောင့်မေးလိုက်မိသည်။

“သွားတော့မယ် အ့..”

ဟင်!

ဆော့ဂျင်၏ နဖူးနဲ့ဂျောင်ဂု၏ နဖူးရိုက်သွားခြင်းဖြစ်သည်။ ဂျောင်ဂုက အရှေ့ကိုသွားနေရာမှ ပြန်လှည့်လာသည်မို့ ဆော့ဂျင်နဲ့နီးနီးကပ်ကပ်ဖြစ်သွားသည်။

“‌ ယာယာ့က မင်းတို့သရုပ်ဆောင်ကလပ်ထဲရောက်လာတယ်ဆို ”

“ဘယ်သူလဲ ယာယာက”

ဆော့ဂျင်ဟာ နာသွားတဲ့ နဖူးကို ပွတ်ကာဖြေသည်။ ယာယာဆိုတာဘယ်သူလဲသူမသိ။ အာ..ဧကန္တ ဂျွန်လီယာ ဆိုတဲ့သူ့ညီမလေးကိုပြောတာလား..

“ အော် ဟုတ်တယ်လေ”

“ထုတ်လိုက်”

“ဘာလို့လဲ ပျော်စရာကောင်းမှာပဲကို”

“ကင်မ်ဆော့ဂျင်!!!”

သူ့ကို ထအော်လိုက်တဲ့ ဂျောင်ဂုရဲ့အသံကြီးကဟိန်း‌သွားကာ အဆောက်အဦးပျက်တွေကနေ ပဲ့တင်သွားသည်။

“ဘာလို့လာအော်နေတာလဲ မင်းညီမကိုသွားပြောလေ ငါကအတင်းထည့်နေတာလဲမဟုတ်ဘူး”

ဆော့ဂျင် နောက်ကိုခြေတစ်လှမ်းဆုတ်ရင်း ပြန်အော်လိုက်သည်။

သူကပဲအော်ရတယ်ရှိသေး။ သူ့ညီမကို အတင်းလာပါ ဝင်ပါ ဆိုပြီးခေါ်ထည့်ထားတာလဲမဟုတ်ဘူး။ ဘာတွေအဖြစ်သည်းနေမှန်းမသိ။

“အကယ်၍ မင်းမထုတ်ဘူးဆိုလည်း သူနဲ့ဝေးဝေးမှာနေပေး”

“အာမမခံနိုင်ဘူး သရုပ်ဆောင်ဆိုတာလက်တွေ့သင်ကြားပေးရအုံးမှာ ယာယာရဲ့ ကိုယ်ဟန်အမူအရာ မျက်နှာအမူအရာတွေကို ငါကသင်ပေးရအုံးမှာဆိုတော့လေ ဟင်းး”

တောင်ပိုင်းသားသည် ခပ်သော့သော့ရယ်ကာပြောတော့ မြောက်ပိုင်းသား၏ မျက်ခုံးတန်းတို့တွန့်ချိုးလာသည်။

We're not ROMEO and JULIET Where stories live. Discover now