Episode - 18

311 67 16
                                    

- 🪽 -

“မင်းတို့ကောင်တွေကို ငါကပျော်သလောက်နေလို့ပြောခဲ့သလား”

“မပြောခဲ့ပါဘူး”

ကျောင်းပြန်တက်တဲ့နေ့မှာပင် ‌ပရော်ဖက်ဆာက ရုံးခန်းထဲခေါ်ဆူသည် ။ ပရော်ဖက်ဆာရဲ့ရှေ့မှာ သုံးယောက်လုံး လက်ကလေးပိုက် ၊ မတ်တပ်ကလေးရပ်နေကြသော်လည်း မျက်နှာတွေဟာ စူပုတ်ပုတ် ။

“ presentation မလုပ်ချင်လို့ တမင်နေ နေကြတာမလား ငါပေးလိုက်တဲ့အချိန်က သုံးရက်ထဲလေ ”

“မဟုတ်ပါဘူး ပရော်ဖက်ဆာ. . စောစောက ကျွန်တော်တို့ရှင်းပြခဲ့တဲ့အတိုင်းပဲ ‌အွန်းဗြောလ်ရဲ့ heat ကာလနဲ့တိုးသွားလို့ နောက်ကျနေခဲ့တာပါ”

“ ဒါဆိုမင်းတို့ ဘာတွေသိခဲ့လဲ ဘာတွေဖြစ်ခဲ့လဲ  ဘာကြားခဲ့လဲဆိုတာ အလုံးစုံ ပြန်တင်ပြ!!”

ပရော်ဖက်ဆာက သက်သက်ရစ်နေသည် ။ သူတို့သိသမျှ အလုံးစုံနဲ့ စာတမ်းကို ပရော်ဖက်ဆာကို ပေးလိုက်ပြီဆိုသော်လည်း ‘ဒါပဲလား’ ဆိုသည့် တုံ့ပြန်ချက်နဲ့ ရစ်နေတာဖြစ်သည် ။

ဤအခြေအနေကို အတော်လေး စိတ်ရှုပ်နေပြီဖြစ်တဲ့  ဆော့ဂျင်က. . .

“ပရော်ဖက်ဆာရဲ့ ရည်ရွယ်ချက်ကို သိပြီးသားပါ. .ဘာအကြောင်းကိုကြားချင်နေလဲ မသိပေမဲ့ ကျွန်တော်တို့အားလုံး ဘာတစ်ခုမှ မဖြစ်ခဲ့သလို ၊ သာမာန်ထက်ပိုပြီးလည်း ဆက်ဆံရေးကတိုးတက်မလာပါဘူး ပရော်ဖက်ဆာသိချင်တာဒါပဲဆိုရင် ကျွန်တော့်ကို ခွင့်ပြပါဦး”

ရုံးခန်းထဲမှ ဆော့ဂျင်ထွက်လာခဲ့သည် ။ နောက်ကျိနေတဲ့စိတ်ကြောင့် ဘာလုပ်လုပ်အဆင်မပြေသည်မို့ ရိုက်ကွင်းကိုလည်း မသွားဖြစ်ပါ ။ ထို့ကြောင့် စီနီယာတွေကလည်း ဆူလှပြီဖြစ်၏ ။

သို့သော်လည်း ယနေ့တွင်တော့ ဇာတ်ညွှန်းမဖတ်ရသေးသည်မို့ ဇာတ်ညွှန်းယူရန် ကလပ်ဘက်သို့ ရှေ့ဦးတည့်လိုက်မိသည် ။

အနုပညာကလပ်တွေစုဝေးရာမို့ သူ့အစုနှင့်သူ နားချိန်မှာ လေ့ကျင့်နေကြသည် ။ ဆော့ဂျင်က စိတ်ငြိမ်သွားအောင် headphone လေးတပ်ကာ  ဆိုင်ရာကလပ်ဆီသို့ သွားသည် ။

You've reached the end of published parts.

⏰ Last updated: Jul 17 ⏰

Add this story to your Library to get notified about new parts!

We're not ROMEO and JULIET Where stories live. Discover now