Episode - 4

420 70 13
                                    

- 🪽 -

ဒီနေ့ပိတ်ရက်မို့ မေမေက သူနှင့်အတူ မြို့လယ်ခေါင်က ကုန်တိုက်ဆီ လိုက်ခဲ့ဖို့ပြောလာသည်မို့ ပြင်ဆင်နေရသည်။ မေမေသည် တစ်လကို တစ်ကြိမ် လိုအပ်တာမှန်သမျှ စာရင်းပေါင်းကာ နောက်တစ်လစာအတွက် ပြေးဝယ်လေ့ရှိသည်။

ဆော့ဂျင်သည် အင်္ကျီအပွဘောင်းဘီအပွ ဝမ်းဆက်ကိုဝတ်ထားတာဖြစ်ပြီး မှန်အရှေ့တွင်ဆံပင်အား လှန်သနေရင်း နှုတ်ခမ်းထောင့်စွန်းအားက အပွန်းအပဲ့အရာလေးသေးသေးကြောင့် စုတ်သပ်မိသည်။

ကင်မ်ဆော့ဂျင်ဆိုသောသူသည် မျက်နှာကိုအထိအခိုက်ခံတတ်တဲ့ လူစားမျိုးမဟုတ်။ မျက်နှာကို လက်လာရွယ်ရင်တောင် တစ်ဖက်လူကို စုတ်ပြတ်သက်သွားအောင် ကုတ်ဖဲ့ချင်စိတ်ကလေးက စိုးမိုးတတ်သူဖြစ်သည်။

သို့သော် ဘဝတွင် ပထမဆုံးအကြိမ် မျက်နှာလှလှထက် အပွန်းအပဲ့ရှိနေသည်။ ဒီတစ်ချက်နဲ့တင် ဂျွန်မျိုးနွယ်ကို အကြီးအကျယ်ပြဿနာရှာလို့ ရပါသည့်အတိုင် သူ့တွင် စိတ်ဆိုးခြင်းတစိုးစိမျှ ရှိမနေပါ။ သူ့စိတ်ထဲတွင် အယူရှိလို့ အပေးရှိတာပဲဟု မှတ်ချက်ပေးနေမိသည်။ သူ့ဘက်ကဘယ်လိုပဲ စခဲ့သည်ဖြစ်ပါစေ ဂျွန်မျိုးနွယ်တွေကို ဒုက္ခလှလှ ပေးချင်ရင်ပေးလို့ရသည်သာ။ ဒါပေမယ့် သူသည် တရား‌နှင့်ဖြေမိနေပါသည်။

ဖြေသိမ့်မိနေသည်ဟာ မျိုးနွယ်နှစ်စုရဲ့ မ‌ကျေနပ်သည့်အချက်တွေ ထပ်တိုးမသွားစေချင်လို့လား ။ ဂျွန်ဂျောင်ဂု ကြောင့်ပဲလားဆိုတာ သူမသိပါ။ သိရင်လည်း ဝန်ခံမည်မဟုတ်။

“သားရေ ပြီးပြီလား..”

အောက်ထပ်မှ မေမေ့ရဲ့အသံကြောင့် ဖြီးလက်စ ဆံပင်အား သပ်ကာ လွယ်အိတ်အပြာလေးကို ယူပြီး ဆင်းလာခဲ့သည်။

“သွားရအောင် မေမေ”

မေမေ့လက်ထဲမှ ‌ကားသော့‌ကို ယူကာ သားအမိနှစ်ယောက် ကုန်တိုက်ရှိရာထွက်လာခဲ့သည်။

“ဘာစားချင်လဲ မေမေဘာချက်ကျွေးရမလဲ”

“ မယ်နျူးအတိုင်းပဲ ချက်ပါ ကျွန်တော်စားချင်တာတွေက အများကြီးရယ် မေမေတို့ပင်ပန်းတယ်”

We're not ROMEO and JULIET Where stories live. Discover now