Episode - 8

442 85 14
                                    

-🪽-

"ဂျွန်..ဒါလေးစားပါဦး အာ..."

ပတ်အွန်းဗြောလ်က အာလူးကြော်ချောင်းကို ပါးစပ်နားတေ့ပေးတော့ ကားမောင်းနေတဲ့ ဂျွန်မျိုးနွယ်က စိတ်ကုန်နေသလိုပဲ ပြုံးကာ စားလိုက်သည်။

"ဒီနေရာကတော့ ဟိုင်းဝေးလမ်းမကြီးရဲ့ ၅၄ မိုင်ကိုရောက်ရှိနေပြီဖြစ်ပါတယ်ရှင် လှပတဲ့ ရှုခင်းလေးတွေကိုရှုစားလိုက်ပါဦးနော် "

အွန်းဗြောလ်က vlogger ဖြစ်သည်မို့ စထွက်ကတည်းက ရှုခင်းလှတာမြင်သည်နှင့် camera ထဲဖမ်းယူသည်။

မနက် ၃ နာရီလောက်ကတည်းက ကားမောင်းလာတာ ယခု ၁၁နာရီကျော်နေပြီဖြစ်သည်။ ပတ်အွန်းဗြောလ်ကလည်း တစ်စက်ကလေးမှ မအိပ်ဘဲ ကားမောင်းနေတဲ့ ဂျွန်မျိုးနွယ်ကို အဖော်ပြုပေးသည်။ သူမက ပြောချင်တာတွေပြောပြီး ရှုခင်းလှရင် ဓာတ်ပုံလှမ်းရိုက်လိုက်ဖြင့် အလုပ်ရှုပ်နေပေမယ့် ဂျွန်မျိုးနွယ်ကတော့ တကယ်ကိုနားပူလွန်းလှသည်မို့ 'အင်း..အဲ' ကလွဲ ဘာမှပြန်မပြောပေ။ သူမ အိပ်နေတာမှ ကောင်းလိမ့်အုံးမည်။

‌ကားနောက်ခန်းက ကင်မ်မျိုးနွယ်ကတော့ ဂိမ်းဆော့ရင်းက အိပ်ပျော်သွားတာ အခုထက်ထိနိုးမလာသေးပေ။

ဟိုင်းဝေးလမ်းမကြီးပေါ် သူတို့၏ကားလေးဟာ အရှိန်မှန်မှန်နဲ့ပြေးလွှားနေ၏။

"ပင်ပန်းနေပြီလားဂျွန် ဗြောလ်မောင်းပေးမယ်လေ နားပါဦး"

"အင်း..ငါတို့ခဏနားပြီး နေ့လယ်စာစားကြမယ်"

ဂျွန်မျိုးနွယ်က ပြောရင်းဆိုရင်းဖြင့် ကားကို အပင်အုပ်အုပ်အရိပ်ရသည့် နေရာတွင်ရပ်လိုက်သည်။ ထိုအခါ ဆော့ဂျင်ကလည်း အိပ်နေရာမှနိုးလာသည်။

ကျွတ်ကျတော့မည့် ခေါင်းစွပ်ကို သေချာပြန်စွပ်ပြီး...

"ဇာက်နာလိုက်တာကွာ အခုဘယ်နေရာလဲ"

"......"

သူ့ကိုအဖတ်လုပ်ပြီးစကားပြန် မပြောကြ။ အွန်းဗြောလ်က စူပုတ်ပုတ်ဖြင့် သူ့အားစောင်းငဲ့ကြည့်သည်။ ဂျွန်မျိုးနွယ်ကတော့ ကားတံခါးကိုအကြမ်းပတမ်းပိတ်ကာ အပြင်ထွက်သွားသည်။

We're not ROMEO and JULIET Where stories live. Discover now