Episode - 16

518 90 44
                                    

- 🪽 -

ယနေ့ညနေတွင် ဆော့ဂျင်ဟာ ညနေစာစားရင်း ဂျောင်ကုအား မျက်စောင်းတွေပါ ပစ်ကျွေးနေသည် ။ အဘယ့်ကြောင့်ဆိုသော် မနက်က ဂျောင်ကုသည် စသလို နောက်သလိုဖြင့် နှုတ်ခမ်းအား အတည်ပေါက် ကိုက်ဆွဲသွားခြင်းကြောင့် ဖြစ်သည် ။

“မင်း ဒါတွေ မဝရင်လည်း ငါ့ထဲကယူစားလို့ရပါတယ်ကွ . .ငါ့ကို မင်းရဲ့ မျက်စောင်းတော့ ပစ် , ပစ်မကျွေးပါနဲ့ ငါတကယ် ဗိုက်ပြည့်တော့မယ်”

“ဟျောင့်! ‌ဂျွန်ဂျောင်ကု မင်းနည်းနည်းတော့များပြီ. . ငါ့ကို ကိုက် ကိုက်သွားတာ ဒါနဲ့ဆို နှစ်ခါရှိပြီ ”

ဆော့ဂျင်က ချိုင့်ကိုပါ ခုံပေါ် ချွမ်ကနဲမြည်အောင် ပစ်ချရင်းပြောသည်မို့ ဂျောင်ကုက ပြီတီတီဖြင့် ။

“ဘယ်ဟာနဲ့ဆို နှစ်ခါလဲ? ပြော. .ပြော”

“ဒါနဲ့ပါဆို ဒါနဲ့ ! ဒါနဲ့!”

ဆော့ဂျင်က သူ၏ အောက်နှုတ်ခမ်းထူထူကို လက်ညိုးကလေး ထိုးပြီးပြောတော့ ဂျောင်ကုစိတ်ထဲ ယားစိ ယားစိ ဖြစ်နေပြီ ။

“အင်း. . ဒီနားလာ!”

“ဘာလဲ ဆေးလား”

“လာပါဆို. .”

ဆော့ဂျင်က ခေါင်းလေးတိုးပေးတော့ ဂျောင်ကုက မေးကလေးကို ဖွဖွကိုင်သည် ။

ပြီးနောက် . . .

“အုံဖွနော်. .အချစ် အုံဖွ! မွ. .မွ”

ဖြန်းး!

“ရားးးမင်း ငါထိုးမိရင် စားထားသမျှ ပြန်ထွက်တော့မယ်”

အကောင်းမှတ်၍ ရှေ့တိုးပေးကာမှ ‌‌နှုတ်ခမ်းပါးပါးက ထော်လာပြီး ဆော့ဂျင်၏ နှုတ်ခမ်းအား အုံဖွ အုံဖွနဲ့ ဂျင်းထည့်ကာ တမွမွ နမ်းသွားသည် ။ ထို့ကြောင့် ဆော့ဂျင်က ဂျောင်ကု ဂုတ်ကို ဖြန်းကနဲမြည်အောင် ရိုက်ပစ်၏ ။

မြောက်ပိုင်းသားတွေ လူလည်ပန်ကာပါဆို ။

“အတည်လဲ လုပ်ပေးရသေး. .မင်းက ဆေးနဲ့မှ ပျောက်ချင်လဲ ရော့. .ရော့ မတားဘူး ငါကလည်း နမ်းချင်လွန်းလို့တော့မဟုတ်ပါဘူး. .မင်းနှုတ်ခမ်းတွေ ဆေးအလိမ်းလွန်ပြီး ပျက်စီးသွားမှာစိုးလို့”

We're not ROMEO and JULIET Where stories live. Discover now