Episode - 14

378 74 35
                                    

- 🪽 -

ဒေါက်. . .ဒေါက်

အိမ်ရှေ့က တံခါးခေါက်သံကြောင့် ကြမ်းပြင်ပေါ်မှာအိပ်နေတဲ့ ဂျောင်ကုနိုးလာပြီး အင်္ကျီကိုဖြစ်သလို ကောက်စွပ်ရင်း တံခါးဖွင့်ပေးလိုက်တော့ အဘွားရဲ့မြေးမလေးဖြစ်နေသည် ။

“ကိုကြီးကုကုတို့ ဆေးလိမ်းဖို့အဘွားကပေးခိုင်းလိုက်တာ. . မနေ့ညတုန်းက ကိုကြီးတို့အနေခက်မှာစိုးလို့တဲ့ ပြီးတော့ သင့်သင့်မြတ်မြတ် နေဖို့လည်း မှာလိုက်တယ်”

အဘွားရဲ့မြေးမလေးက စတွေ့တုန်းကသာ သူ့အားကြောက်တာလိုလို ၊ ရွံတာလိုလိုလုပ်နေပေမယ့် သေချာစပ်ကြည့်မှ တော်တဲ့အမျိုးမှန်းသိတော့ စကားတွေအများကြီး‌ပြောတော့သည် ။ ကလေးမလေးကတစ်ယောက်ထဲမို့ အဖော်မက်မည့်ပုံ ။

“ဘွားမေကို စိတ်ချလို့ပြောလိုက်ပါ. .အစ်ကိုတို့ ရန်မဖြစ်တော့ပါဘူး”

“ကိုကြီးကုကုကသာ အဲ့လိုပြောနေတာ ကိုကြီးမျက်နှာကဒဏ်ရာတွေက မနေ့ကထက်တောင်များနေသလိုပဲ. .ဟိုကိုကြီးရော ဘယ်မှာလဲ”

“သူအိပ်နေတယ်”

“ဟုတ်ကဲ့ ဒါဆို ညီမလေးပြန်ပြီနော် . .မနက်စာကို ဂွမ်းဟူတို့အုပ်စုကိုပို့ခိုင်းလိုက်မယ်”

ဂျောင်ကုက ခေါင်းငြိမ့်ပြလိုက်သည် ။ ထို့နောက် တစ်ကိုယ်ရည် သန့်ရှင်းခြင်းအမှုပြီးသည့်အခါ မျက်နှာထက်က ဒဏ်ရာတွေကို စောနကလာပေးသွားတဲ့ ဆေးလူးထားလိုက်၏ ။

မှန်ထဲက သူ့ပုံရိပ်ကိုကြည့်ရင်း အနည်းငယ်အလိုမကျပေမယ့် မနေ့ညက လတ်လတ်ဆတ်ဆတ်ရထားတဲ့ ဒဏ်ရာတွေကို တို့ထိမိတဲ့အခါ အပြုံးရေးရေး ဆင်မြန်းမိသွား၏ ။

မနေ့ညက ကင်မ်ဆော့ဂျင်က သူနဲ့ နမ်းနေရင်း နှစ်ချက်လောက်ဆင့်ထိုးသွားသေးတာ ။ အထိုးခံရခြင်းအကြောင်းအရင်းက နမ်းမိလို့မဟုတ်ဘဲ ကင်မ်ဆော့ဂျင်က နီရဲနေတဲ့ မျက်နှာလှလှလေးနဲ့ပြောလာသည် . . .

“မင်းမနမ်းတတ်ဘူးလား နှုတ်ခမ်းဟပေးနေတာပဲကို ဘာလို့နှုတ်ခမ်းကို ကိုက်တာလဲ အခုပေါက်သွားပြီ တွေ့လား!!”

We're not ROMEO and JULIET Where stories live. Discover now