Episode - 12

416 69 20
                                    

- 🪽 -

ဘုန်းကြီးကျောင်းကအပြန် သူတို့သုံးယောက် ရွာထဲပတ်ကြည့်ကြသည် ။ ခါတိုင်းလိုပဲ တောင်ပိုင်းသားနဲ့ မြောက်ပိုင်းသားက တစောင်းစေးနဲ့မျက်ချေး ။ ထို့ကြောင့် အွန်းဗြောလ်က အလယ်ဗဟိုတွင်ရှိနေသည် ။

“ရွာလေးက သာသာယာယာပဲ လေ လေးကရှူလိုက်တိုင်း ပန်းရနံ့သင်းသင်းလေးတွေနဲ့ လမ်းတွေကလည်းဖြောင့်ဖြူးနေတာပဲ နေချင်စရာနေရာလေး”

တက်တက်ကြွကြွနဲ့ ပြောလာတဲ့ အွန်းဗြောလ်ကို နှစ်ယောက်သား ခေါင်းတငြိမ့်ငြိမ့်ထောက်ခံကြသည် ။ တကယ်လည်း ရွာကသာယာလွန်းသည် ။ အဘိုးအဘွားတွေကများပြီး ၊ အိမ်ထောင်သည်အနည်းစု ၊ ကလေးအနည်းစုသာရှိလို့ အိမ်ခြေလည်းနည်းပြီး ခြံဝန်းတွေကလည်း ကျယ်လှသည် ။

“ဒါနဲ့လေ နင်တို့နှစ်ယောက် တကယ်ခွေးကိုက်ခံရတာမဟုတ်ဘူးမလား”

ဘာရယ်မဟုတ် နှစ်ယောက်သားအကြည့်ချင်းဆုံမိသွားသည် ။ ရန်ဖြစ်တာကပုံမှန်ပဲဟာ သူတို့ဘာလို့ လိမ်ခဲ့မိပါလိမ့် ။

အွန်းဗြောလ်က သူတို့နှစ်ယောက်လုံးကို တစ်လှည့်စီမော့ကြည့်ကာ . . .

“ငါထင်ပါတယ် နင်တို့နှစ်ယောက်တစ်အိမ်ထဲနေရင် ဒီလိုဖြစ်တော့မယ်ဆိုတာ . .ငါပါလာနေရမလား”

“ဘာ!! နင်က အိုမီဂါလေ ဗြောလ်! ငါတို့ကြားဘာလာလုပ်မှာလဲ!!”

“ဂျင်? နင်. .နင်ငါ့ကိုအခုအော်လိုက်တာလားဟင် .?”

ဆော့ဂျင်က အမှန်ပင် အွန်းဗြောလ်ကို စိတ်ပူတာကြောင့် သူတုံ့ပြန်မှုက အလောတကြီးဖြစ်ကာ အသံကိုမထိန်းနိုင်ခဲ့ခြင်းဖြစ်သည် ။ ဒါကို အိုမီဂါဖြစ်သူ အွန်းဗြောလ်ဟာ တုန်တုန်ယင်ယင် မေးလာခြင်းဖြစ်သည် ။

“ငါက ဒီတိုင်းပဲပြောလိုက်တာပါ တကယ်မနေပါဘူး. .နင်အခုလို အော်စရာမလိုပါဘူး ဟင့်. .”

ပြောရင်းဆိုရင်းပင် ငိုချလာတဲ့ အွန်းဗြောလ်ကြောင့် ဆော့ဂျင်က ဂျောင်ကုကို ကြည့်လိုက်မိသည် ။ ဂျောင်ကုပုံစံက ဝင်ပါဖို့စိတ်ကူးမရှိသလို ၊ ကူချော့ဖို့လည်း စိတ်ကူးရှိမနေ ။

We're not ROMEO and JULIET Where stories live. Discover now