Episode - 17

345 75 23
                                    

- 🪽 -

ချွေးစက်‌တွေဝေ့သီနေတဲ့ နာဖူးစပ်နားကို အနမ်းဖွဖွပေးမိ၏ ။ ရွှေအိုရောင်ဆံသားပျော့ပျော့ကြားထဲ လက်ချောင်းများဖြင့် ထိုးဖွပွတ်သပ်ပေးမိပြန်သည် ။

ရန်သူလေးအပေါ် သိပ်နူးညံ့‌နေမိတော့ ‘ချစ်မိသွားတာလား’ ဟု ကိုယ့်ကိုကိုယ်ပြန်သုံးသပ်နေမိသည် ။ မနက်လေးနာရီမှာ ရပ်နားခဲ့သော အချစ်ရေယာဉ်ကြောမှာ လိုက်ပါစီးနင်းခဲ့တဲ့ အယ်လ်ဖာလေးဟာ အိပ်မောကျလျက်‌ရှိနေ၏ ။

ခေါင်ရည်သုံးအိုးကပဲ အိပ်စေသလား ။ မြောက်ပိုင်းသားလေးကပဲ အချိန်အတော်များများ ယူမိသွားသည့်အတွက်ကြောင့် မောပန်း၍အိပ်ပျော်သွားသည်လား ။ သေချာတာ‌တစ်ခုတော့ နှစ်ဦးစလုံး၏ ပထမဆုံးအကြိမ်ဖြစ်သည်မို့ အခက်အခဲအနည်းငယ်ရှိသော်လည်း တစ်ယောက်ကိုတစ်ယောက် အပေးအယူမျှခဲ့ပါသည် ။ ထူးဆန်းစရာ ပထမဆုံးဆိုသော်လည်း စိတ်ကျေနပ်ဖွယ်လေး. . .။

ထပ်ပေါင်းအနေနဲ့ ကျေနပ်စရာတစ်ခုပြောရရင် ကင်မ်ဆော့ဂျင်က ပေါင်းစပ်ကြည့်မှ အဆိုးတကာ့အဆိုးလေးဖြစ်နေမှန်းသိလိုက်ရသည် ။ ကင်မ်မျိုးနွယ်ထဲမှာ ကင်မ်ဆော့ဂျင်က အငယ်ဆုံးဆိုတာသိထားပေမဲ့ ဒီလိုတော့ လိုတာကို မပေးရင် ရတဲ့အထိ စူပုတ်ပြီး ကောက်တတ်မယ် မထင်ထားခဲ့ပေ ။ ကိုယ်တိုင်လည်း ကင်မ်ဆော့ဂျင်ရဲ့ ကောက်ချိတ်မှုဒဏ်ကို ပြုံးပြုံးကြီးခံခဲ့၏ ။

အကြိမ်ကြိမ်ပြီးဆုံးခဲ့ပြီး နောက်ဆုံးတွင် ကင်မ်မျိုးနွယ် မျက်နှာဟာ အတော်နီမြန်းလာခဲ့သည် ။

“အ့. .! ‌ဂျွန်‌! . .မင်းမပြီးလည်း ငါပြီးပြီတော်! အင်းးဟ့!”

“ကိုယ်လည်းဒီတစ်ခါ နောက်ဆုံးပါပဲကွာနော်.  .ဟားး ရှီးး ကိုယ်က ဘေဘီ့ပထမဆုံးဆိုတာ မယုံနိုင်သေးဘူးကွာ”

နောက်ဆုံးအကြိမ်အဖြစ် နှစ်ဦးသားလုံးပြီးမြောက်သွားသည် ။ ‌ကင်မ်မျိုးနွယ်ဘေးကို လှဲချပြီး ဖက်မယ်ကြံတော့ ကင်မ်မျိုးနွယ်က အတင်းရုန်းကာ. .

“အတွေ့အကြုံမရှိတာသိပေမဲ့ မင်းဒါမျိုးလုပ်ပြီးရင် နောက်ဆက်တွဲ တာဝန်သိတတ်ရမယ်ဆိုတဲ့ ရုပ်ရှင်မျိုးမကြည့်ဖူးဘူးလား”

We're not ROMEO and JULIET Where stories live. Discover now