Part 1

51.2K 1.3K 39
                                    

U+Z

အသုဘတစ်ခုမှာ လူတွေစည်ကားနေသည်။ ဝမ်းနည်းပူဆွေးမှုကိုပြသတဲ့အနေနဲ့အားလုံးက အနက်ရောင်တွေဝတ်ဆင်ထားကြ၏။ လူကုန်ထံအသိုင်းအဝိုင်းဆိုတော့ ဒီအသုဘကိုပိုက်ဆံရှိအသိုင်းအဝိုင်းနဲ့လုပ်ငန်းလုပ်ကိုင်နေကြတဲ့အသိုင်းအဝိုင်းကလူတွေ တက်ရောက်ကြ၏။

'မောင်သော်ဝေကိန်း
အသက် (၃၀) နှစ်'

ဆိုတဲ့စာတမ်းကိုဖတ်ပြီး အသက်ငယ်သေးတာကြောင့် အားလုံးကနှမြောတသဖြစ်နေကြ၏။ အမေဆိုဘယ်လောက်တောင် ခံစားလိုက်ရမလဲ။ အမေပဲရှိပြီး အဖေကသူတို့ငယ်ငယ်လေးထဲက ဆုံးပါးသွားတာ။ အဖေမဆုံးခင်ထဲက အဖေနဲ့အမေကလမ်းခွဲပြီးသီးသန့်နေခဲ့ကြတာ။ အကြီးကအမေနဲ့နေခဲ့ပေမယ့် သားအငယ်ကအဖေနဲ့လိုက်သွားပြီး Europa ကိုလိုက်သွားခဲ့တာဖြစ်ပြီး ညီအစ်ကိုနှစ်ယောက်က အဆက်အသွယ်တော့လုပ်သည်။ အဖေနဲ့အမေ တစ်ကွဲတစ်ပြားနေပေမယ့် သားတွေကတော့ အချင်းဆက်သွယ်သလို မိဘတွေနဲ့လည်းစကားပြောကြသည်။ ဒါပေမယ့် ဒေါ်မေမိုးအတွက်ကတော့ ဒီသားကပဲအားကိုးနေရတာမဟုတ်လား။ ဒီသား ဆုံးသွားတယ်ဆိုတော့ ဒီအမေကပဲ အားလုံးလိုက်လုပ်ပေးနေရတာ။

"မမေမိုးစံ အငယ်ကောင် ဘယ်အချိန်ပြန်ရောက်မလဲ"

"မနက်ကမှ သိခဲ့တာဆိုတော့ အခုမှထွက်လာတုန်း ည ၁၂ နာရီစွန်းစွန်းလောက်မှ ရောက်မယ်ထင်တယ်"

သားအငယ်ကသူ့အလယ်တန်းလောက်ထဲက သူ့အဖေအမျိုးတွေနဲ့ Europa မှာသွားနေတာ။ သားအကြီးရှိတုန်းကဆို သားကြီးကသူ့ညီဆီသွားလည်လေ့ရှိပေမယ့် သူမကတော့ လိုက်သွားလေ့မရှိ။ သူတို့အဖေဆုံးတုန်းက တစ်ခေါက်ရောက်ပြီး နောက်ထပ်ကတော့ သားအငယ်ကိုအရမ်းလွမ်းတဲ့အချိန်တို့ သားအငယ်အတန်းတစ်တန်းပြီးတိုင်း ဘွဲ့ယူတဲ့အချိန်တို့ပဲရှိတာ။ ဒါတောင် နှစ်တိုင်းမရောက်ဖြစ်ဘူး။ သားအငယ်ကသူနဲ့နည်းနည်းစိမ်းသက်တယ်လို့ပြောရမှာ။

ဒေါ်မီမီခိုင်ကတော့ ဒေါ်မေမိုးစံကိုကြည့်ပြီးသနားနေတာပဲသိသည်။ အပူတွေပေါ့။ ယောက်ျားမရှိတော့တဲ့ သူမ သူငယ်ချင်းကအခုတော့လက်ပွန်းတတီးရှိလှတဲ့ အားကိုးရတဲ့သားအကြီးက အသက် ၃၀ မှာပဲ ဆုံးသွားတယ်တဲ့လေ။ ဆုံးတာကလည်း ရောဂါရှိလို့ဘာညာကြောင့်မဟုတ်ပဲ ရုတ်တရက်ဖြစ်သွားတဲ့ အကြောင်းအရာတွေကြောင့်ဖြစ်သွားတာ။ မျက်ရည်လည်းမထွက်တဲ့ဒေါ်မေမိုးစံက အတ္တကြီးတဲ့အထဲမှာတော့ပါတယ်လို့ပြောရမှာ။ ဒီလိုဖြစ်သွားတာ သူမ သူငယ်ချင်းရဲ့အမှားတချို့လည်းပါတာကို သူမအသိပဲဖြစ်သည်။ သူငယ်ချင်းကတော့ သူ့အတ္တနဲ့သူ ဒီကိစ္စမှာတစ်ဖက်ကလူကို အညှိုးကြီးကြီးဖြစ်တည်နေသည်။ သူမတို့ကိုယ်တိုင်လည်း ဘယ်လိုမှပြောပြလို့မရ။ သူတို့လည်းသူတို့အတ္တနဲ့သူတို့ဆိုတော့ ဘာမှလုပ်လို့မရတော့ဘူး။ ဆုံးရှုံးမှုကတော့ အကြီးအမားကြီးဖြစ်သွားတာပေါ့။

INDEX [Complete] U+ZWhere stories live. Discover now