Part 8

13.4K 731 16
                                    

U+Z

စည်းနှောင်ချင်းမရှိပဲချထားတဲ့ဆံပင်တွေက ဖြောင့်တန်းစွာ ခါးလည်မရောက်တရောက်။ လေတစ်ချက်တိုက်တိုင်း ဝဲလွင့်သွားတဲ့ဆံပင်တွေနဲ့ ဝင်္ကပါအိမ်က ဒီနေ့အတွက်သက်ရှိအနုပညာတစ်ခုဖြစ်နေသည်။ နီလာမြင့်နဲ့စကားပြောရင်း တစ်ချက်တစ်ချက်စိတ်လွတ်ကိုယ်လွတ်ရယ်နေပုံက တခြားသူတွေရဲ့ကြည့်ချင်းကို ခံနေရသည်။ နီလာမြင့်က ဟိုဟာခွံ့ကျွေးဒီဟာခွံ့ကျွေးနေတာကို လိုက်လိုက်မြည်းပြီး ဟိုဟာဒီဟာကိုလက်ညှိုးထိုးပြီးကောင်းကြောင်းပြောနေသည်။ တစ်ခါတစ်ရံ လက်ကိုအပေါ်မြှောက်လိုက်ရင်လွတ်သွားတဲ့ခါးက ခပ်ကျင်ကျင်နဲ့ဖြူဖြူဖွေးဖွေး။ ဒီအနုပညာက ဒီနေ့မှာအားလုံးကိုပြုစားထားလေသလား။ သူကိုယ်တိုင်လည်း အကြည့်မလွှဲမိတဲ့အထိ သက်ရှိပန်းချီကားချပ်တစ်ချပ်ကိုကြည့်နေမိသည်။

"အလုပ်က အပြီးပြီးသွားတာလား အညွှန်းကိန်း"

ရှေ့မှာသူတို့အုပ်စုတွေတစ်ဖက်ဆီမှာသူ့လူနဲ့သူ ဟိုဆိုင်ရှေ့ရပ်ဒီဆိုင်ရှေ့ရပ်ရင်း အစားအသောက်တွေကို နည်းနည်းဆီဝယ်မြည်းလိုက်၊ ကြိုက်ရင်ဝယ်လိုက်လုပ်နေတာဖြစ်ပြီး သူနဲ့အညွှန်းကိန်းနဲ့က နောက်ကနေလိုက်နေတာဖြစ်သည်။ အညွှန်းကိန်းက ကမ်းခြေရှပ်လက်တိုကို ကြယ်သီးတစ်ဝက်လောက်အထိ ဖြုတ်ဝတ်ထားပြီး ရှော့ပန်နဲ့တွဲဝတ်ထားတာဖြစ်ပြီး လက်တစ်ဖက်မှာဖုန်းနဲ့ပိုက်ဆံအိတ်ပါသည်။ သူနဲ့အတူလမ်းလျှောက်ရင်း မျက်လုံးတွေက တစ်နေရာထဲမှာရှိကာ ထိုနေရာကနေရွေ့မသွား။ အညွှန်းကိန်းကိုတစ်ချို့နိုင်ငံခြားသား လူကောင်သေးသေးလေးတွေက သမင်လည်ပြန်ငေးကြည့်ကြသေးတာဖြစ်သည်။ သမင်လည်ပြန် ငေးကြတာမစမ်း အညွှန်းကိန်းပုံက ထောင်ထောင်မောင်းမောင်း အသားခပ်ညိုညိုနဲ့ဘော်ဒီကကျစ်လစ်ပြီး ရှူတည်တည်မှုန်ကုတ်ကုတ်မျက်နှာထားနဲ့ဖြစ်၏။

"အင်း မနက်ဖြန် ပြန်မလို့လုပ်ထားတာ"

"ပြန်တော့မှာလား ကိုယ်တို့တောင် ၃/၄ ရက်လောက်နေမှာ"

"အခု မပြန်ဖြစ်လောက်တော့ဘူး အဟွန်း!"

စကားပြောနေတဲ့ကိုယ့်ကိုတောင်လှည့်မကြည့်ပဲ မျက်လုံးတွေက သူပြောတဲ့ဆီမှာပဲရှိနေသည်။ ပြန်မယ့်အစီအစဉ်ကအခုတော့နောက်ကျတော့မှာပေါ့။

INDEX [Complete] U+ZWhere stories live. Discover now