Part 12

15.1K 795 27
                                    

U+Z

"အိမ်အိမ်း နေကောင်းသွားပြီလား"

"ဟုတ်ကဲ့ မဝေ ကောင်းသွားပါပြီ"

"အေးဆို အိမ်အိမ်းကိုသတင်းမေးလာအုန်းမလို့ပဲ ဆိုင်မှာကလူကျနေတော့ အိမ်အိမ်းဘက်ကိုမလှည့်နိုင် ဖြစ်သွားတာ အခုတုတ်ကွေးတွေကတော်တော်ပြင်းတယ် နှစ်ရက်သုံးရက်တောင် ရှင်းရှင်းမပျောက်ချင်ဘူး"

"ဟုတ်ကဲ့"

"အေးအေး နေကောင်းကာစ နားနားနေနေ နေနော်"

"ဟုတ် မဝေ"

အားလုံးကသူ့ကိုတုတ်ကွေးကြောင့်လို့ပဲထင်နေတာ။ အမှန်တော့ နှစ်ညဆက်တိုက်နေဖြစ်သွားတဲ့သူက နောက်ရက်အလုပ်မှာတစ်နေကုန်နေဖို့မဖြစ်တာကြောင့် ၄ ရက်လောက် နားလိုက်ရတာ။ သူ့လည်ပင်းတွေမှာအမြင်မသင့်တဲ့အရာတွေ ရှိနေတာကြောင့်ရော ထိုင်တာအဆင်မပြေတာကြောင့်ရော ပေါင်းကာသူ ၄ ရက်လောက်နားလိုက်ရတာဖြစ်သည်။ မောင့်ကိုလည်းသူထုရိုက်ပြီးငိုခဲ့ပါသေးတယ်။ အားလုံးမောင့်ကြောင့်လေ။ မီးဖိုချောင်မှာ မာလာရှမ်းကောစားနေတဲ့သူ့ကိုကြည့်ပြီး ဖြေလျော့ရတယ်လို့ သူတစ်ခါမှမကြားဘူးပေ။ နောက်ဆက်တွဲကတော့ သူ့မှာတစ်ညလုံးနီးပါ အီစိမ့်နေအောင် ခံလိုက်ရသည်။ နောက်နေ့မနက်နိုးတာနဲ့ အစ်ကိုသင်္ကေတကို နေမကောင်းသေးလို့ဆိုပြီး ဖုန်းဆက်ပြီးထပ်နားလိုက်ရတာ။ အစ်ကိုသင်္ကေတကိုဖုန်းဆက်ပြီးတာနဲ့ သူမောင့်ကိုထုရိုက်ပြီးငိုခဲ့တာ။ မောင်က သူ့ကိုမျက်လုံးတွေပဲ မှေးကြည့်နေတာ။ သူ့ကိုထုရိုက်ပြီးငိုလို့လေ။ သူများကို လုပ်တုန်းကတော့ လုပ်ပြီးတော့ သူပြန်ထုရိုက်တော့ လူကိုမကျေနပ်တဲ့အကြည့်နဲ့လာကြည့်နေတာ။ သူလုပ်ချင်ပြီဆိုရင် သူများကိုငဲ့မကြည့်ပဲ စိတ်ကျေနပ်အောင်လုပ်ပစ်တာ။ ဒီနေ့မှထိုင်ရတာအဆင်ပြေလို့ အလုပ်လာခဲ့တာ။ လည်ပင်းက အမြင်မသင့်တဲ့အရာတွေကိုတော့ သူမိတ်ကပ်နဲ့ဖုံးခဲ့ရတာဖြစ်သည်။

"ဝင်္ကပါအိမ်နေကောင်းသွားပြီလား"

"ဟုတ်ကဲ့ အစ်ကို အလုပ်နားခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို"

"ရတယ် နားနားနေနေ နေနော်"

"ဟုတ်ကဲ့"

အစ်ကိုသင်္ကေတကိုတကယ်အားနာရသည်။ အစ်ကိုက ဒီလိုပျက်ရက်တွေကိုလစာထဲကမနှုတ်ပေ။ ပြီးတော့ သူစိတ်ထင်တာပဲလား အခု အစ်ကိုသင်္ကေတက သူ့ကိုပြုံးစေ့စေ့နဲ့ကြည့်သွားတာလား။ အစ်ကို တစ်ခုခုသိနေတာလား။ မဟုတ်လောက်ပါဘူး ဒီလိုမျိုးကိစ္စကို မောင်ကတခြားသူကို လျှောက်မပြောဘူးဆိုတာ သူသိသည်။

INDEX [Complete] U+ZWhere stories live. Discover now