EXTRA

19.3K 714 25
                                    

U+Z

"ဒယ်ဒီ ရေကူးမယ်"

"ဟုတ်ပြီကွာ ဘစ်ဝတ်မယ် ဖေဖေ သားအတွက် ဘစ်ယူခဲ့"

နားရက်ဆိုသူတို့သားအဖနှစ်ယောက်ကိုပဲ အိမ်အိမ်းမှာလိုက်လုပ်ပေးနေရသည်။ မနက်မိုးလင်းလို့ အိပ်ရာထတာနဲ့သားက ပြေးရတာနဲ့။ အခုမှ ၂နှစ် ၃နှစ်အရွယ်လေးကို သားကလည်းအိပ်ပါ့လား။ မဟုတ်ဘူး သူ့ဒယ်ဒီအကျင့်လုပ်ထားတဲ့အတိုင်း နိုးတာနဲ့ဒယ်ဒီနဲ့ပြေးမယ် လမ်းလျှောက်မယ်ပဲ။ အိမ်အိမ်းမှာ သူတို့သားအဖနှစ်ယောက်အတွက် မနက်စာပြင်ပေးထားတာ။ Sandwich ဆိုလို့ သေသေချာချာလုပ်ပေးတာကို ကိုယ်တော်လေးနှစ်ယောက်က မနက်ပိုင်းပြေးပြီးတာနဲ့ ရေကူးမယ်တဲ့လေ။ သားရောမောင့်အတွက်ပါ ထုတ်ပေးရသည်။ သားကိုလည်း ဒီအရွယ်လေးနဲ့ဝယ်ပေးထားတာစုံလို့။ သူတို့ငယ်ငယ်တုန်းဆို ဘောင်းဘီဒူးကျတစ်ထည်ထဲနဲ့ပြီးပါလေရော။ အင်းလေ ခေတ်မှမတူတော့တာ။ သားကျတော့ မောင်နဲ့သူရဲ့ရင်သွေးလေးဆိုတော့ မောင်ရဲ့ဂုဏ်နဲ့အညီသားကို ဆင်ရမှာပဲ။

"ဒယ်ဒီနဲ့ရေကူးမယ်"

"မောင်က ဒီအတိုင်းနေမလို့လား အပေါ်က boxer ဖြစ်ဖြစ်ထပ်ဝတ်လေ"

သူ့ကိုသူမြင်ကောင်းတယ်ထင်နေလားမသိဘူး။ ပုံမှန်တောင် ဖောင်းကားနေတာကို။

"ဘာဖြစ်လို့လဲ အိမ်မှာကို"

အိမ်မှာလို့ဖြေနေပေမယ့် သူ့ကိုလုပ်ပြနေတဲ့ မျက်နှာဘေးကပြောင်နေတာ။ ဝတ်မနေတော့နဲ့လို့ပဲ အိမ်အိမ်းပြောလိုက်ချင်တော့တယ်။ ပြောလိုက်ရင်လည်း တကယ်လုပ်မယ့်ပုံဆိုတော့ သူ့ပါးစပ်ပဲသူထိန်းထားရတော့သည်။

"ဖေဖေ sandwich ယူခဲ့ပေးနော်"

အညွှန်းကိန်း မျက်စောင်းထိုးနေတဲ့ အိမ်းကိုစနောက်ရင်းပြောလိုက်သည်။ လမ်းလျှောက်ပြီးတာနဲ့မနက်စာ မစားပဲ ရေဆက်ဆော့တာကို သိပ်မကြည်ဖြစ်နေတာ။ မကြည်ပေမယ့်လည်း သူတို့ရေကူးနေတဲ့ဆီ sandwich ယူလာပေးတာပါပဲ။

"အိမ်း လာခဲ့"

"ဟုတ်တယ် ဖေဖေ လာခဲ့"

မနက်စောစောကြီး အေးကအေးနဲ့ရေထဲမဆင်းချင်ပါဘူး။ ဘာဖြစ်လို့ အတင်းလိုက်ခေါ်နေတာလည်းမသိ။

INDEX [Complete] U+ZWhere stories live. Discover now