Part 18

16.2K 818 76
                                    

U+Z

"ကိုကို အိမ်အိမ်းကို အခုရှာပေး"

ဆိုကာ အစောကြီးဖုန်းဆက်လာတဲ့ နီလေးကြောင့်သင်္ကေတမှာ ဘာလုပ်ရမှန်းမသိအောင် ခေါင်းခြောက်နေသည်။ အညွှန်းကိန်းကို ဆက်သွယ်လို့လည်းမရ။ ဝင်္ကပါအိမ်က အဝတ်အိပ်တွေအားလုံး ထားခဲ့တယ်လို့ နီလေးက ထပ်ပြောလာသေးတာဖြစ်သည်။

"မာမီ ဖုန်းပေး"

သူ့ဖုန်းကိုပါ ယူထားတဲ့မာမီက ဖုန်းကိုပိတ်ပြီး ဘယ်မှာထားလိုက်မှန်းမသိ။ မာမီ ဒီလောက်ဆိုးမှန်း အညွှန်းကိန်း တကယ်မသိခဲ့တာ။ အဲ့ဒါကြောင့် အစ်ကိုထွက်ပြေးချင်စိတ်ပေါက်တာနေမှာ။ အစ်ကိုတုန်းက မာမီဘယ်လိုတောင် လုပ်ခဲ့လဲ။

"မာမီ"

"မင်း ဖုန်းကို မင်းအခန်းထဲမှာ ထည့်ပေးထားပြီးသား"

"နေအုန်းမင်းဘယ်ကိုလဲ ငါပြောစရာရှိတယ်"

သူ စိတ်လျော့လိုက်ကာ ရှေ့မှာဝင်ထိုင်လိုက်သည်။

"ယစ်မူးဘွယ်လေးနဲ့စေ့စပ်ဖို့ လူကြီးတွေအားလုံးကို ပြောပြီးပြီ"

"အဲ့ဒိကပါဝင်မယ့်သူတွေကို အရင်မေးသင့်တာမဟုတ်ဘူးလား မာမီ"

"မင်းကို မေးစရာလိုသေးလို့လား ဟိုအကောင်ရှေ့မှာ မင်းကိုယ်တိုင်သမီးလေးက မင်းစေ့စပ်မယ့်သူလို့ ပြောလိုက်ပြီးပြီမဟုတ်ဘူးလား"

"အဲ့ဒါ သူ့ကိုခဏထွက်သွားစေချင်လို့"

"အညွှန်းကိန်း!"

"မာမီ စိတ်ပျက်စရာမလိုဘူး ကျွန်တော် ယစ်မူးဘွယ်ကို ဖုန်းဆက်လိုက်မယ်"

"အညွှန်းကိန်း မင်းရပ်လိုက်စမ်း"

"မေမိုး"

"မီမီခိုင် နင်ဝင်မပါနဲ့"

သားကြီးသော်ဝေကိန်းတုန်းက ခံမပြောနားမထောင်လေးလိုဖြစ်ပေမယ့် သားငယ်အညွှန်းကိန်းကျတော့ သူကြိုက်တာသူ့လုပ်မယ့်ပုံ။ ပြီးတော့ သားငယ်က ဘာကိုဂရုစိုက်မယ့်ပုံလဲမရှိ။ သူမ အားလုံးသိပြီးသွားတာက သားငယ်လေးက ဟိုကလေးရှေ့မှာယစ်မူးဘွယ်လေးကို စေ့စပ်မယ်လို့ ယုံအောင်ပြောပြီး သူ့မာမီရှေ့ကခဏပျောက်သွားအောင် ပြောလိုက်ပုံရသည်။ သားငယ်လေးကို သားအကြီးလိုသွားထိန်းချုပ်လို့မရဘူးဆိုတာ သူငယ်ချင်းမက မသိတာလား။

INDEX [Complete] U+ZWhere stories live. Discover now