Part 21

19.4K 852 32
                                    

U+Z

ဘယ်လိုပြောပြောမရတဲ့ အညွှန်းကိန်းကြောင့် အခုတော့လေယာဉ်ပေါ်ကိုရောက်နေပြီဖြစ်သည်။ သူဆေးရုံတက်နေချိန် မမငြဲကသူ့ဘေးမှာ အချိန်ပြည့်ရှိနေပေးကာ ရွာမှာကျန်ခဲ့သူတွေကိုလည်း သူ့အကြောင်းသတင်းလှမ်းပေးသေးတာဖြစ်သည်။ မမငြဲကတော့ သူနဲ့လိုက်မလာပါ။ သူကိုယ်တိုင်လည်း မယ့်ကဖောင်ရွာမှာရှိတဲ့လူတွေကိုပြန်မနှုတ်ဆက်ရသေးသလို အဲ့ဒိကပစ္စည်းတွေကိုလည်း ဘာမှယူမလာရသေး။ ဆေးရုံကဆင်းလို့ရပြီ ဆိုတာနဲ့ဆရာဝန်ခွင့်ပြုချက်တောင်းပြီး ရန်ကုန်ကိုပြန်ဖို့ပဲလုပ်နေတာ။ ဒေါက်တာတစ်ယောက်ကိုပါ ဟိုဘက်ရောက်ပြီးတစ်ရက်နှစ်ရက် အနားမှာရှိပေးဖို့ တောင်းဆိုထားတာကြောင့် သားကိုမွေးပေးတဲ့ဒေါက်တာပါသူတို့နဲ့ပါလာသည်။ ဗိုက်ခွဲထားတာကိုအကြောင်းပြပြီး သားကိုလည်းအကြာကြီးမချီခိုင်းပဲ သူပဲချီထားသည်။ 

"ပြည့်ဖြိုး ကားခေါ်ထားလား"

"အသင့်ပါ ဘော့စ်"

"အိုကေ"

"ဒယ်ဒီတို့အိမ်ကိုပြန်ရောက်တော့မယ်နော် သား"

လက်မောင်းကြားထဲပိုက်ထားတဲ့သားကိုကြည့်ကာစကားပြောလိုက်ရင် ဘေးကမကြည်ကြည့်နဲ့ကြည့်နေသူကို လှည့်ကြည့်လိုက်၏။ သူလှည့်ကြည့်တာမြင်တာနဲ့ မျက်နှာကိုရှေ့ပြန်လှည့်သွားသည်။

အဟွန်း!

သူပြန်ချင်တိုင်းမပြန်ရလို့စူပုတ်နေတာ။ ဘာကိစ္စနဲ့သကရော ဟိုဘက်ကိုပြန်လွှတ်ရမှာလဲ။ မဖြစ်နိုင်တာတွေ အိပ်မက်မက်နေတယ်။ သားကလည်းသူ့ဆီမှာဆိုတော့ ဘာမှလုပ်မရနဲ့ဖြစ်နေတာ။ သားက သူ့လက်ထဲမှာငိုသံတောင်မထွက်ဘူးနေသလားမမေးနဲ့။ နို့ဆာတဲ့အချိန်မှ အဲ့အဲ့နဲ့အသံထွက်လာတာ။ ကျန်တဲ့အချိန်ဆို သားကသူ့လက်ပေါ်မှာနေရတာကြိုက်ပြီး ငိုသံကိုမထွက်။

"လေယာဉ်ဆိုက်ပြီ ဒယ်ဒီတို့အိမ်ကိုသွားပြီးအနားယူကြမယ်နော်"

မသိရင် သားကသူ့မွေးထားတာကြနေတာပဲ။ သားကိုအပိုင်စားယူနေတာ။ မွေးထားတာက သူများကို။ သားကိုလက်ကကိုမချဘူး။ သူချီလည်းခဏပဲချီရတာဖြစ်ပြီး မင်းချုပ်ရိုးနဲ့သားကိုအကြာကြီးချီလို့မရဘူးဆိုပြီး သူပဲပြန်ချီပစ်သည်။ သူပြောတာကိုလည်း အရေးမလုပ်ပဲ လုပ်ချင်သလိုလုပ်နေ၏။ လေယာဉ်ဆိုက်တာနဲ့ခေါ်ထားတဲ့ကားက အသင့်ရှိနေသည်။

INDEX [Complete] U+ZWhere stories live. Discover now