Special Extra

12.2K 476 18
                                    

U+Z
[အညွှန်းကိန်း 23 နှစ်ပြည့်မွေးနေ့အတွက် special extra လေးအပ်ပေးလိုက်သည်]

"သား ဒယ်ဒီ့ကိုတွေ့ရင် ဘာလုပ်ရမှာလဲ"

"Happy Birthday Daddy! ဒယ်ဒီကိုအများကြီးချစ်တယ်လို့ပြောရမှာ"

"ဖေဖေ့သားလေးက တော်လိုက်တာ ရွှတ်!"

ဒီနေ့ကမောင့်မွေးနေ့ဖြစ်တာကြောင့် အိမ်အိမ်းကိတ်ဖုတ်ဖို့လိုအပ်တာတွေကိုအော်ဒါအစောကြီးထဲကကြိုမှာထားပြီးသား။ မောင်ပြန်လာမှ သားနဲ့နှစ်ယောက်အတူတူ surprises လုပ်မယ်လို့ရည်ရွယ်ထားတာဖြစ်သည်။ ကိတ်ကသူကိုယ်တိုင်လုပ်မှာဖြစ်ပြီး မနက်ကမောင်အလုပ်မသွားခင် သူတို့သားအဖသုံးယောက် ဘုရားတက်ခဲ့သေးတာဖြစ်သည်။ မောင်က အိမ်းအိမ်းနဲ့သားကိုအိမ်ကိုပြန်ပို့ပေးပြီးမှ အလုပ်သွားရတာ။ အလုပ်ကလည်းမသွားလို့မဖြစ်ပဲ နိုင်ငံခြားကဧည့်သည်တွေရင်းနှီးမြှုပ်နှံ့ဖို့အစည်းအဝေးရှိတာကြောင့်လို့ ဆိုသည်။

"ပြီးရင် ဖွားဖွားဆီခဏသွားကြမယ်နော်"

"ဟုတ် ဖေဖေ"

သားကိုကလေးထိန်းမခေါ်ပဲသူပဲအိမ်မှာထိန်းကျောင်းသည်။ သူနဲ့သားအတွက် ယာဉ်မောင်းတစ်ယောက်ထားပေးထားတာကြောင့် အိမ်းအိမ် သားနဲ့အပြင်ထွက်ချင်ရင်လည်း အဆင်ပြေသည်။ တစ်ခါတလေသားနဲ့ နီနီ့ဆီကိုအလည်သွားသေးတာဖြစ်၏။ အခုဆို နီနီက ဗိုက်ကလေးနဲ့ဖြစ်နေပြီလေ။ သူဆိုပျော်လွန်းလို့။ သားနဲ့သူ့ဖွားဖွားဆီမှာ မနက်တပိုင်းလုံးနေကာ ကိတ်လုပ်မယ့်အချိန်နီးလာပြီဆိုမှပြန်ခဲ့လိုက်သည်။ အိမ်ရောက်တာနဲ့ သားကိုထမင်းခွံ့ရ၏။ သားက အချွဲတုံးလေးဖြစ်နေသည်။ သူ့ဒယ်ဒီဆိုလည်းအလိုလိုက်သလားမမေးနဲ့။ သားရဲ့ပတ်ဝန်းကျင်က လူတွေအားလုံးကသားကိုအလိုလိုက်တော့ သားကအချွဲတုံးလေးဖြစ်နေတာ။

"ဖေဖေ ဝပြီ"

သားကိုရှေ့မှာသွားဆော့ခိုင်းကာ အိမ်အိမ်းနေ့လယ်စာစားလိုက်သည်။ သားက လိမ္မာတော့ သူထမင်းစားနေတာသိရင်လည်း ငြိမ်ငြိမ်လေးဆော့နေတတ်၏။ ထမင်းစားပြီးတာနဲ့သားနဲ့အတူတူ ဧည့်ခန်းမှာထိုင်ကာလိုက်ဆော့ပေးရသည်။ သူ့ဆံပင်ကတော့အရှည်အတိုင်းပဲဖြစ်ကာ သားလသားအရွယ်တုန်းက တစ်ခါပဲအတိုညှပ်ဖူးသည်။ အတိုဆိုတာလည်း ဂုတ်အပေါ်ရောက်အောင် တိုခဲ့တာမဟုတ်ပဲလက်ပြင်အထိပဲတိုခဲ့တာဖြစ်သည်။ အခုတော့ဆံပင်တွေကအရင်အတိုင်းပြန်ရှည်လာကာ ခါးမရောက်တရောက်လောက်ရှိနေပြီဖြစ်၏။ မောင့်ကိုညှပ်ရမလားမေးပေမယ့် မောင်ကမညှပ်ရဘူးဆိုတာကြောင့် သူဒီအတိုင်းလေးအရှည်ထားဖြစ်နေတာ။ တစ်ခါတလေ သားတစ်ဖက်နဲ့ဆံပင်ကိုအတိုလေးဖြစ်အောင် ညှပ်ပစ်ချင်စိတ်က ပေါ်ပေါ်လာတတ်သေးသည်။

INDEX [Complete] U+ZWhere stories live. Discover now