Part 23

18.7K 781 24
                                    

U+Z

"သားလေးက ထွားတာပဲ"

အိမ်မှာလူစုံနေတာဖြစ်ကာ နီနီ့ရောအန်တီပါရောက်နေသည်။ ထပ်ပြီး ကြီးကြီးရီနဲ့အန်တီမီမီခိုင်ဆိုတဲ့ အန်တီပါရောက်နေတာဖြစ်သည်။ လူကြီးတွေက သားကိုတလှည့်ဆီချီကာ ချစ်နေကြ၏။ နီနီက အန်တီ့ဘေးမှာထိုင်ကာ သားကိုဟိုတို့ဒီတို့လုပ်ရင်း အန်တီ့ကိုလည်းတစ်ခုပြီးတစ်ခုမေးလိုက် ပြောလိုက် လုပ်နေ၏။

"ဝင်္ကပါအိမ်ဆိုတဲ့ နာမည်လေးကို အန်တီကရင်းနှီးနေတာကြာပါပြီ"

ဒီအန်တီကို သူမျက်နှာမမြင်ဖူးပေမယ့် မောင်ပြောပြထားလို့ ဒီအန်တီအကြောင်းကိုသူသိသည်။ မောင့်မာမီ သူငယ်ချင်းဖြစ်ကာ မောင့်မာမီအနားမှာစောင့်ရှောက်ပေးနေတဲ့သူငယ်ချင်းကောင်း။ နောက်တစ်ခုက အစ်ကိုနဲ့တုန်းကကိစ္စကိုလည်း သိထားတဲ့တစ်ယောက်ထဲသောသူဖြစ်တာကိုပေါ့။ အဲ့ဒါကြောင့်လည်း သူ့နာမည်ကိုရင်းနှီးနေတာကြာပြီလို့ပြောတာ။

"ချစ်စရာလေးပါ၊ အန်တီတော့မြင်မြင်ချင်း ချစ်မိသွားတာပဲ"

"ဟုတ်တယ်နော် အစ်မ၊ ကျမလည်း မြင်လိုက်တော့အံ့ဩသွားတာ၊ ထပ်ပြီးအံ့ဩရတာတော့ အစ်မရဲ့တူသားက ဘန်ကောက်နေပြန်လာတာ ယောက်ျားရော သားပါတစ်ခါထဲ ပါလာတာပဲ"

သူတို့ထိုင်နေတဲ့နေရာမှာ ရယ်သံတွေဖုံးလွှမ်းသွားတော့သည်။ လူကြီးတွေအဲ့လိုပြောကြတော့ သူနည်းနည်းတော့ရှက်မိပါသည်။ သားကတော့ ဒီနေ့တစ်ပိုင်းလုံး လူကြီးတွေလက်ထဲမှာပျော်မွေ့နေတော့၏။ ငိုလည်းမငိုပဲ ခြေကားယားလက်ကားယားနဲ့ လူကြီးတွေစကားပြောတာကိုလိုက်ကြည့်နေတာဖြစ်သည်။

"သားလေး မျက်နှာကချိုနေတာပဲ သားငယ်လေးမျက်နှာပေါက်ပဲ မျက်ခုံးကလည်း ကောင်းမယ်ပုံ"

သားကိုကြည့်ပြီး အစိတ်အပိုင်းတွေကိုသေသေချာချာကြည့်ကာ ဝေဖန်ပေးနေတာဖြစ်သည်။

"သားဝင်္ကပါလေးနဲ့ကျတော့ နှာခေါင်းသေးသေးပေါ်ပေါ်လေးကသွားတူတာ၊ အသားဖြူတာလေးရော"

"ကြီးကြီးက ကျွန်တော့်ကိုမဲတယ်လို့ပြောတာလား"

"မမဲပါဘူးအေ ရှင်ကညိုတာပါ နော် သားဒယ်ဒီက အသားညိုတာနော် သားလေးက အသားလေးဖြူသွားတော့ လူချောလေးဖြစ်သွားမှာ"

INDEX [Complete] U+ZWhere stories live. Discover now