Part 11

15.4K 730 46
                                    

U+Z

မနက်ရောက်တာနဲ့လူတစ်ကိုယ်လုံးဝမလှုပ်နိုင်သလို သူနိုးလာတဲ့အချိန်ကလည်း နေ့လည် ၁၂ နာရီမှ ဖြစ်သည်။ နိုးလာတော့ အညွှန်းကိန်းက ဘေးမှာမရှိပေ။ ညတုန်းက ဘယ်အချိန်မှသူအိပ်ပျော်သွားလဲ သူတကယ်မသိ။ ဒါပေမယ့် အချိန်တော်တော်ကြာတော့ အညွှန်းကိန်းနဲ့နေဖြစ်သွားတာကိုတော့ မှတ်မိသည်။ သူ့ခန္ဓာကိုယ်က အောက်သိုးသိုးအနံ့တွေတောင် ထွက်နေ၏။ အဝတ်အစားဆိုဘာတစ်ခုမှ ကပ်မနေပေ။

ချပ်!

အခန်းတံဖွင့်သံကြားတာကြောင့် သူထထိုင်ဖို့လုပ်ပေမယ့် မထိုင်နိုင်ပဲအိပ်ရာထဲပြန်လဲကျသွားသည်။ ထိုင်ဖို့လုပ်တာနဲ့အောက်ကနေကျောအထိစူးအောင့်လာတာဖြစ်၏။

"ရေချိုးလိုက်တာကောင်းမယ်ထင်တယ်"

အညွှန်းကိန်းက အဝတ်အစားအပြည့်နဲ့ဖြစ်ကာ သူ့ကိုယ်ပေါ်မှာရှိနေဆဲစောင်ကို ဆွဲဖယ်ဖို့လုပ်သည်။ သူပြန်ဆွဲထားလိုက်၏။ ညတုန်းကဖြစ်ပျက်သွားပေမယ့် ဒီလိုအစိမ်းသပ်သပ်ကြီးကျတော့ ရှက်၏။

"ညတုန်းကပဲ လုပ်ပြီးပြီ ဘာကိုရှက်နေသေးတာလဲ"

အားနဲ့ဆောင့်စွဲလိုက်တာကြောင့် စောင်ကသူ့လက်ထဲပါသွားတော့သည်။ စကားကိုလည်းဘယ်လိုတွေပြောနေမှန်းမသိ။

"ဟင့်!"

သူ့ကိုဆွဲပွေ့လိုက်တာပေမယ့် လှုပ်လိုက်တာနဲ့နာနေတာကြောင့်သူ့ဆီကအသံထွက်သွားသည်။ အထဲရောက်တာနဲ့ရေကန်ထည့်ပေး၏။

"အပြင်ထွက်ပေး"

အသံကလုံးဝဖျော့နေပြီး နှုတ်ခမ်းတွေကလည်းခြောက်ကပ်ကာ အသားစတွေတောင်လန်နေလားမသိပေ။

"သင်္ကေတကိုဖုန်းဆက်ပေးထားတယ်"

"အင်း အပြင်ထွက်ပေး"

"ခင်များလုပ်နိုင်လို့လား"

တကယ်တော့သူမလုပ်နိုင်ဘူးလေ။ ဒါပေမယ့် သွေးပူနေတဲ့အချိန်မှမဟုတ်တော့တာကို ရှက်နေတာပဲသိတာပေါ့။ ညတုန်းကတော့လူကပူထူနေပြီး အစပဲရှက်တာနောက်ပိုင်းရှက်ရကောင်းမှန်း မသိတော့။ သူဘက်ကလုပ်ချင်းတိုင်းလုပ်နေတာကို သူကိုယ်တိုင်ကလည်းဖြည်းဆည်းပေးနေသလို ဖြစ်နေတာမဟုတ်ဘူးလား။ ရှက်ရကောင်းမှန်းမသိ ရှေ့တွေရောနောက်တွေပါ လှန်လှောနေခဲ့ကြတာ။ အခုလိုသွေးအေးသွားတဲ့အချိန်မှသာ ပြန်တွေးမိပြီးရှက်တာပဲသိတော့သည်။ အခုတော့သူကရေကန်ထဲမှာဖြစ်ပြီး အညွှန်းကိန်းကဆပ်ပြာဗူးသွားယူပြီးသူ့အနားကိုပြန်ရောက်လာ၏။

INDEX [Complete] U+ZWhere stories live. Discover now