Part 7

13.4K 726 15
                                    

U+Z

"မာမီ ညနေဒင်နာဆို"

အညွှန်းကိန်း ရုံးကနေမာမီ့ကိုဖုန်းဆက်မေးရသည်။ ပြည့်ဖြိုးက ညနေမှာ ယစ်မူးဘွယ်တို့နဲ့ ဒင်နာရှိကြောင်း စာလှမ်းပို့တာကြောင့် မေးလိုက်တာ။ သူတို့အိမ်နဲ့ယစ်မူးဘွယ်တို့အိမ်ပေါ့။ မိသားစုတွေအားလုံးပါမယ်လို့ဆိုသည်။

"ဘာကိစ္စရှိလဲမာမီ"

.....

"အဲ့ဒါဆို ကျွန်တော်ဒီကနေပဲတန်းလာလိုက်မယ်"

ဘာကိစ္စမှမရှိပဲ အစ်ကို့ကိစ္စဖြစ်ပျက်ပြီးအခုမှပြန်ဆုံဖို့လို့ဆိုလာသည်။ ဒါဆိုရှင်းရှင်းလေးပေါ့ မတွေ့တာကြာတဲ့မိတ်ဟောင်းဆွေဟောင်းတွေ ပြန်ဆုံတွေ့တဲ့သဘော။ ဒါဆိုဘာမှမလိုဘူးပေါ့။ ဒင်နာမှာသွားထိုင်စားရုံတင်။

ဒေါက်ဒေါက်

"ဘော့စ် ဘာပြင်ဆင်ပေးထားရအုန်းမလဲ"

ပြည့်ဖြိုးဝင်သွားပြီးမေးလိုက်သည်။ အညွှန်းကိန်းကသူ့ထက်ငယ်ပေမယ့် ကိုယ့်သူဌေးဆိုတော့ ဘော့စ်ပဲခေါ်လိုက်သည်။ အစ်ကိုသော်ဝေကိန်းရှိတုန်းကတော့ သဘောကောင်းတဲ့အစ်ကိုကြောင့် အစ်ကိုလို့ပဲခေါ်ခဲ့တာ။ အညွှန်းကိန်းကျတော့ ငယ်ပေမယ့် ညီလို့သွားခေါ်လို့လည်းမရ၊ လေးစားသမှုနဲ့အစ်ကိုလို့ခေါဖို့စဉ်းစားရင်တောင် အညွှန်းကိန်းက အစ်ကိုသော်ဝေကိန်းလောက် သဘောမကောင်းတော့ နောက်ဆုံးသူခေါ်ဖြစ်သွားတာက ဘော့စ်ဖြစ်သွားသည်။

"မလိုဘူး ထားလိုက်"

သူမှမလိုဘူးဆိုတော့လည်း ထားလိုက်တော့သည်။ ပုံမှန် အစ်ကိုသော်ဝေကိန်းတုန်းကဆိုရင် လူကြီးတွေအတွက် လူငယ်ဆိုလူငယ်အတွက် လက်ဆောင်လေးတွေသူ့ကိုပြင်ခိုင်းတတ်သည်။ အဲ့လိုလုပ်လို့လည်း အစ်ကိုသော်ဝေကိန်းက မျက်နှာပွင့်ပြီး လူချစ်လူခင်ပေါတာ။ အညွှန်းကိန်းကျတော့ အမြဲတမ်းခက်ထန်နေပြီး အနားလူမကပ်ရဲတဲ့ပုံစံဖြစ်နေသည်။ လူကောင်ကြီးတာရော တက်တူးတွေကြောင့်ရော ဖြစ်နိုင်မယ်လို့ သူထင်၏။ နေ့လည်စာတွေဘာတွေလည်း စီစဉ်ပေးစရာမလိုပဲ နေ့လည်ပိုင်းဆိုရင် အညွှန်းကိန်းကအပြင်ထွက်သွားလေ့ရှိသည်။ ထွက်သွားတိုင်းတော့သူ့ကိုဘာရှိမလဲမေးတတ်ပြီး တွေ့စရာဘာညာမရှိရင် အပြင်မှာတော်တော်ကြာတတ်သည်။ တစ်ခါတလေ ရုံးကိုပြန်လာတာလဲရှိ၏။ ဒါကိုတော့သူလိုက်မေးနေမှာမဟုတ်။ သူဌေးဆိုတော့ decision ပေးမယ့်သူဖြစ်ပြီး အလုပ်နဲ့လက်နဲ့မပြတ်လုပ်စရာမလိုတာ။ အစ်ကိုသော်ဝေကိန်းတုန်းကတော့ ဘယ်မှာရှိလဲကအစ သူသိသည်။ အစ်ကိုသော်ဝေကိန်းက သူနဲ့ဆက်သွယ်တဲ့လူတိုင်းကို ကောင်းပေးတော့ ပြည့်ဖြိုးကနောက်ကနေ သတိလက်လွတ်မဖြစ်အောင် လိုက်သတိပေးရတာရှိသည်။ တစ်ခုခုဆိုကိုယ့်ဘက်ကိုပြန်ထိုးချလာမလိုချင်တာကြောင့် နောက်ကနေသတိလိုက်ပေးရတာရှိသည်။ အညွှန်းကိန်းကတော့ ထိုသို့မဟုတ်။ သူ့ကိစ္စသူနိုင်နိုင် နင်းနင်းရှင်းနိုင်တယ်။ အလုပ်လုပ်တာလဲ ပြတ်သားတယ်။

INDEX [Complete] U+ZWhere stories live. Discover now