Part 9

13.5K 709 40
                                    

U+Z

အခုတော့ သူ့အိမ်မှာအလိုလိုအိမ်သားနှစ်ယောက်ဖြစ်သွားသည်။ တစ်ယောက်ကသူဖြစ်ပြီး နောက်တစ်ယောက်က အညွှန်းကိန်းဖြစ်၏။

"ဟို"

သူမနက်စာ လုပ်နေတုန်းမီးဖိုချောင်ကိုဝင်လာတဲ့အညွှန်းကိန်းကြောင့် တစ်ခုခုမေးဖို့လုပ်လိုက်ပေမယ့် မေးရင်ကောင်းမလား မကောင်းမလားကိုစဉ်းစားလိုက်သည်။

"မနက်စာ လုပ်နေတာလား၊ ဘာတွေလုပ်နေတာလဲ"

"ကင်မ်ချီထမင်းကြော် ဟို စားချင်လားမသိဘူး"

"လောက်လို့လား"

"အင်း"

"လောက်ရင်စားမယ်"

သူစားမယ်ဆိုတာကြောင့် သူ့မှာထမင်းကိုနှစ်ချပ်စာပြင်ရတော့သည်။ ထမင်းနှစ်ချပ်ပြင်ပြီး လုပ်မိတာက ကော်ဖီကိုလည်း နှစ်ခွက်ဖျော်မိသွာတာဖြစ်၏။ ဘာဖြစ်လို့များ ကော်ဖီသောက်မလားမမေးပဲ နှစ်ခွက်ဖျော်မိသွားလဲမသိပေ။ ဖျော်ပြီးမှ ပေးဖို့ကိုလည်း တုန့်ဆိုင်းသွားရသည်။

"ကျုပ်အတွက်မလား ပေး"

"အင်း"

အဲ့တော့မှာ သူ့ရှေ့ကိုချပေးလာတဲ့ကော်ဖီခွက်။ ညတုန်းကဝတ်ထားတဲ့အတိုင်း အဝတ်တွေမလဲရသေးပေ။ မျက်နှာကရှင်းသန့်နေပြီး နုနယ်နေသည်။

"ခင်များ ကျုပ်ကိုအိမ်လခပေးစရာမလိုဘူးနော်"

ဒီလူသူ့ကိုအိမ်လခပေးဖို့လုပ်နေတာ သင်္ကေတပြောလို့သူသိပြီးနေပြီဖြစ်ကာ ပေးဖို့မလိုကြောင်းသူပြောလိုက်သည်။

"ဟို အိမ်လခတော့ယူပါ၊ အမှန်ဆို ကျွန်တော်ပေးတဲ့လခကနည်းတောင်နည်းသေးတယ်"

"အိမ်လခမယူပဲတခြားဟာ ပြန်လုပ်ပေးမလား"

"ဟင်! ဘယ်လိုမျိုး‌လဲ"

"စဉ်းစားလိုက်အုန်းမယ်၊ ပိုက်ဆံတော့မယူဘူး"

"ဟို အဲ့လိုကြီးကျ"

"အဲ့ဒါဆို တစ်လ ၈ သိန်း"

"ဟင်!"

သူ့ရှေ့မှာထိုင်ရင်းထမင်းစားဖို့လုပ်နေတဲ့ ဝင်္ကပါအိမ်။ ၈ သိန်းဆိုတာနဲ့မျက်လုံးပြူးပြီး ပါစပ်ထဲထည့်မယ့်ထမင်းလုတ်က လေပေါ်မှာဝဲနေ၏။

INDEX [Complete] U+ZWhere stories live. Discover now