U+Z
"မေမိုး"
"အင်း"
ဒေါ်မီမီခိုင် သူငယ်ချင်းဖြစ်သူကိုခေါ်လိုက်ကာ သားငယ်လေးအကြောင်းကိုပြောဖို့ စဉ်းစားလိုက်သည်။ ဆရာကြီးနဲ့အမြဲတွေ့စကားတွေပြောပြီးမှ သူငယ်ချင်းဖြစ်သူက အမြဲလိုလိုတစ်ယောက်ထဲ ငေးနေတတ်သည်။ သူ့ကိုယ်သူပြန်သုံးသပ်နေတာလည်းပါတာပေါ့။ သားတစ်ယောက်ဆုံးရှုံးသွားတာ သူ့ကြောင့်ဆိုတာကိုလက်ခံဖို့ခက်နေပြီး တစ်ဖက်ကိုခွင့်လွှတ်ပေးဖို့ကို ခက်ခဲနေတာ။
"သားငယ်လေး ဘန်ကောက်ကပြန်ရောက်နေတာ သိတယ်မလား"
သူမ မသိပဲနေမလား။ ကိုယ့်သားက ခရီးကပြန်ရောက်ပြီး အိမ်ကိုနောက်ရက်မှရောက်လာတာ။ ဘာတွေဖြစ်နေလဲမသိပေမယ့် အိမ်ကလူတွေ တိုးတိုး တိုးတိုးနဲ့ပြောနေတာတော့သိသည်။ ဒါကိုထဲက တစ်ခုခုထူးခြားနေလို့လေ။ သူမ ဘယ်သူ့ကိုမှမမေးမိ။ ရီရီတစ်ယောက်လုံးကိုတောင် သားကလာခေါ်သွားတာဆိုတာ့ ဘာတွေဖြစ်နေလဲမှမသိတာ။
"သားအညွှန်းကိန်းလေး ကလေးတစ်ယောက်ရနေပြီဆို နင် ဘယ်လိုထင်လဲ"
မယုံနိုင်တဲ့မျက်လုံးနဲ့သူမကိုလှည့်ကြည့်လာသည်။ ဒါတောင် ကလေးတစ်ယောက်ရှိနေပြီလို့ သေသေချာချာ ပြောပြတာမဟုတ်ပဲ ရှိနေပြီဆိုရင်လို့ မေးလိုက်တာပဲရှိသေးတာ။ သားကမွေးတဲ့ ကလေးက မြေးပဲမဟုတ်လား။ သားအချစ်မြေးအနှစ်တောင်ရှိသေးတာပဲ။ ဘယ်သူကမျက်ကွယ်ပြုနိုင်မှာလဲ။
"ထွက်သွားတဲ့ ဝင်္ကပါအိမ်လေးမှာ ကိုယ်ဝန်ရှိနေတာတဲ့သိလား၊ သားအညွှန်းကိန်းလေး ဘန်ကောက်မှာ ပြန်ရှာတွေ့တာ၊ ကလေးလေးက ချစ်စရာကောင်းတယ်၊ သားအညွှန်းကိန်းလေး မျက်နှာပေါက်လေး အသားဖြူဖြူလေး"
"အကျင့်လေးက သားကြီးသော်ဝေကိန်းလိုပဲ အနေအေးတယ်"
"နင်မြင်ရင်လည်းချစ်မှာသိလား၊ ကလေးက ချစ်မွှေးလေး အသည်းယားစရာလေး"
မြေးဖြစ်သူအကြောင်းပြောပြတော့ မျက်လုံးတွေကဂနာမငြိမ်ပေ။ စိတ်လှုပ်ရှားနေတာ။
"ဝင်္ကပါအိမ်လေးက သားအညွှန်းကိန်းလေးနဲ့သဘာဝအတိုင်း ကိုယ်ဝန်ရှိသွားတာတဲ့ သိလား"