Part 25

18K 754 16
                                    

U+Z

"ဒယ်ဒီ!"

"ဗျာ"

အိပ်ရာပေါ်က ကြည်ကြည်လင်လင်နိုးလာတဲ့သားက သူ့ကိုချီခိုင်းနေတာ။ စကားပြောတတ်နေပြီဖြစ်တဲ့သားက တတ်သလားမမေးနဲ့။ အားလုံးကိုညာစားနေတာ။ သူ့ဖေဖေက မနက်စောစောစီးစီး ဈေးသွားနေပြန်ပြီ။ သားအတွက်ဆိုပြီး တစ်ခုပြီးတစ်ခုစမ်းချက်နေတာ။ သားထမင်းကျွေးရမယ့်အချိန်တုန်းကလည်း သူပဲကလေးတွေအာဟာရဖြစ်မယ့် အစာအုပ်စုတွေကို သူကိုယ်တိုင်ရှာဖွေပြီး ချက်ပြုတ်နေတာ။

"ဒယ်ဒီ‌နဲ့ လေ့ကျင့်ခန်းလုပ်မလား"

"ဟုတ်"

အညွှန်းကိန်းသားကိုချီလိုက်ပြီး နောက်က gym ခန်းကိုသွားလိုက်သည်။ သားက သူ့အပေါ်မှာဖားပျံလေးကပ်နေသလို လည်ပင်းကိုဖက်ကာလိုက်လာ၏။ သားကိုပြေးစက်ပေါ်တင်ပေးကာ သားလမ်းလျှောက်နိုင်တဲ့အနေအထားနဲ့ သူလိုက်လျှောက်ရသည်။

"ချွေး ဒယ်ဒီ ချွေး!"

သူချွေးထွက်သွားပြီလို့ပြောနေတာ။ အညွှန်းကိန်းသားကိုလက်တစ်ဖက်နဲ့ချီလိုက်ပြီး ပြေးစက်အရှိန်ကိုတင်လိုက်၏။ သားကိုလက်တစ်ဖက်ထဲချီထားကာ သူသွေးနည်းနည်းပူသွားအောင် ပြေးလိုက်သည်။

"ဒိုင်ထိုးမယ်ကွာ"

သားကိုမကာ သူဂုတ်ပေါ်တင်ပေးလိုက်ကာ ဒိုက်ထိုးဖို့လုပ်လိုက်၏။ သားက သူ့ခေါင်းကိုကိုင်ထားရင်း သူဒိုက်ထိုးတာကိုလိုက်ကာ ဟစ်ဟစ် ဟစ်ဟစ်နဲ့ရယ်တော့သည်။ အဲ့လိုစီးရရင်သားကိုကြိုက်ကိုကြိုက်တာ။

"ဒယ်ဒီ လက်မောင်း လက်မောင်း"

လက်မောင်းလေ့ကျင့်ခန်းလုပ်ဖို့ကို လက်ညှိုးထိုးပြနေတာ။ သူ့လက်မောင်းဖက်ခိုရတာကိုလည်း သားကကြိုက်သည်။ သားကိုအပေါ်တန်းကိုမှီအောင် မျက်နှာအပ်ပေးတော့သားက တန်းကိုလှမ်းခို၏။ သူသားကိုထိန်းပေးထားလိုက်သည်။

"ဒယ်ဒီ ဟစ်ဟစ်"

"သဘောကျနေတာ ဟုတ်လား လာခဲ့"

တန်းခိုနေတဲ့သားကို ထိန်းကိုင်ပေးထားရင်း ခြေထောက်ဖောင်းဖောင်းလေးနဲ့ပေါင်လေးတွေကို သူလိုက်ကိုက်တော့

INDEX [Complete] U+ZWhere stories live. Discover now