Part 6

13.5K 743 12
                                    

U+Z

"အယ် အယ် အယ် လည်ပင်းကဆွဲကြိုးလေးက မနေ့ကအထိ မတွေ့ပါဘူး ဘယ်ကလဲပြော"

မနက်ရောက်တာနဲ့နီနီကသူ့ကိုလာခေါ်မယ်ပြောလို့ မနက်ကအညွှန်းကိန်းကိုလိပ်စာမေးပြီး နီနီ့ကိုပြောလိုက်ရတာ။ ညကလည်း ကောင်းကောင်းအိပ်မပျော်ပါဘူး။ သူများဆီမှာဆိုတော့ ရေတောင်မချိုးဖြစ်ဘူး။ မျက်နှာကိုပဲ သေသေချာချာသန့်ရှင်းပြီး ခြေလက်ဆေးပြီးအိပ်ပျော်သွားတာ။ လက်ကအပူလောင်သွားတာလည်းပါတာပေါ့။ ရုတ်တရက်ဖွင့်လိုက်တဲ့ရေက ပူနေတာကိုသတိမထားမိလိုက်တာ။ ပူနေတဲ့လက်နဲ့ရေချိုးလို့လည်း အဆင်မပြေနိုင်တာကြောင့် ရေမချိုးပဲမျက်နှာကိုသန့်ရှင်း ကိုယ်လက်တွေပဲဆေးခဲ့ရပြီး အိပ်တာတောင်သူကုတင်ပေါ်တက်မအိပ်ခဲ့ပါ။ အညွှန်းကိန်းကသူအခက်အခဲဖြစ်နေလို့ခေါ်လာတာဖြစ်ပြီး ဒီလိုမျိုးကြိုက်မှန်းမသိ မကြိုက်မှန်းမသိ။ တညလုံးလည်းသေသေချာချာအိပ်မပျော်သလို ထိုင်ခုံလေးမှာထိုင်ရင်းအိပ်ငိုက်သွားတာဖြစ်ပြီး မနက်လင်းလို့အပြင်ထွက်လိုက်တော့ အညွှန်းကိန်းကညကအတိုင်း ဆိုဖာမှာထိုင်ရက်သားရှိနေပြီး နီလာ လာခေါ်နေလို့လိပ်စာလေးမေးပြီး ကျေးဇူးတင်ကြောင်းပြောကာ သူထွက်လာမိလိုက်တာပဲဖြစ်သည်။

တစ်လမ်းလုံးဘာမှမမေးတဲ့နီလာက သူ့ကိုအဆောင်ပြန်မပို့ပဲအိမ်တန်းခေါ်လာတာဖြစ်ပြီး ရေချိုးပြီးတဲ့သူ့ကိုစစ်မေးနေတာဖြစ်သည်။

"လည်ပင်းကဆွဲကြိုးလေးက ဘယ်ကလဲလို့"

နီလာတကယ်သိချင်နေတာ။ ညကလည်း သင်္ကေတကသူမကိုပထုတ်သွားတယ်လို့ခံစားနေရသည်။ သင်္ကေတ မာမီက သူမမာမီကိုလူကြုံပေးတာကတော့ ပေးတာပါပဲ။ ဒါပေမယ့်အချိန်ကောင်းမှ သူမကိုဒီလိုခွဲထုတ်သွားပြီး အိမ်အိမ်းကိုတမင် အညွှန်းကိန်းနဲ့ထည့်လိုက်တယ်လို့ သူမခံစားနေရသည်။ မနက် ဖုန်းဆက်တော့အဆောင်မှာမဟုတ်ပဲ အပြင်မှာလာခေါ်ပေးလို့ရလားလို့ ပြောလာလို့သူမ အိမ်အိမ်းပြောတဲ့လိပ်စာကိုသွားခေါ်ပေးလိုက်တာ။ ညကအဆောင်ပြန်ဖို့သော့မေခဲ့လို့ဆိုပြီး အညွှန်းကိန်းနဲ့ပါသွားတယ်ဆိုတဲ့ သူငယ်ချင်လေးအိမ်အိမ်းကိုမေးဖို့ မေးခွန်းတွေသူမမှာအများကြီးရှိနေသည်။ အိမ်ရောက်တာနဲ့ရေချိုးချင်တယ်ဆိုတာကြောင့် သူမအခန်းထဲမှာပဲအားလုံး သူမတို့နှစ်ယောက်လုံးရှိနေတာဖြစ်ပြီး အခုတော့ အိမ်အိမ်းကသူ့အဝတ်အစားတွေသူပြန်ဝတ်ထား၏။ ပိတ်ရက်လေးလဲပေးလိုက်တော့ ဒီနေ့ အိမ်အိမ်းနားရက်လေးဖြစ်နေသည်။

INDEX [Complete] U+ZWhere stories live. Discover now