Part 17

15K 797 65
                                    

U+Z

အိမ်ပြန်ရောက်ထဲက မာမီကစကားမပြောပဲ ထိုင်နေတာနာရီဝက်လောက်ရှိပြီဖြစ်သည်။ အညွှန်းကိန်း ကိုယ်တိုင်လည်း ဘာစကားမှမပြောပဲ ထိုင်နေမိသည်။ မာမီ့ရှေ့မှာ ဒီလိုမိသွားမယ်လို့ မထင်ပေမယ့် မိသွားတော့လည်း ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိဖြစ်နေသည်။ မာမီ တုန်လှုပ်နေတာကို သူကိုယ်တိုင်သိသည်။ မာမီတုန်လှုပ်နေသလို ဝင်္ကပါအိမ်ကိုယ်တိုင်အံ့အားသင့်နေတာကိုလည်း သူသိသည်။

"မာမီ"

"တိတ်စမ်း ငါဒေါသမထွက်မိအောင် စိတ်ထိန်းနေတုန်း မင်းအသံမထွက်နဲ့"

သူမ ဘာစကားမှထွက်မလာနိုင်လောက်အောင်ကို အသက်မှန်အောင်ရှူနေရသည်။ သားကြီးတုန်းကလည်း ဒီတစ်ယောက်ကြောင့် သူ့ရင်ဝကိုကန်ပြီးထွက်သွားခဲ့တာ။ အခုသားငယ်လေးကလည်း ဒီတစ်ယောက်နဲ့ပတ်သက်နေတယ်။ သူမ သားနှစ်ယောက်လုံးကို ဒီတစ်ယောက်က ဘယ်လိုများစည်းရုံးသိမ်းသွင်းထားလဲ။

"သူက မင်းအစ်ကိုသေသွားတဲ့ အကြောင်းဆိုတာ မင်းမသိဘူးလား အညွှန်းကိန်း!"

"မင်း သိရဲ့နဲ့ ဘယ်လိုလုပ်နိုင်တာလဲ"

"မင်းကိုယ်တိုင် မင်းအစ်ကိုနဲ့အဲ့ဒိအကောင် ရိုက်ထားတဲ့ပုံကိုမြင်တယ်မလား"

"သူ့ကြောင့် ငါသေမလိုဖြစ်နေတာတောင် မင်းကသူနဲ့ပတ်သက်တယ်တဲ့လား အညွှန်းကိန်းရဲ့"

"မင်းတို့ ဒီအမေကိုသေစေချင်နေတာလား ဟမ်း"

အညွှန်းကိန်း မာမီကိုမကြည့်နိုင်တော့ပဲ တစ်ဖက်ကိုမျက်နှာလွှဲလိုက်သည်။

"မင်း ယစ်မူးလေးနဲ့မြန်မြန်လက်ထပ်ဖို့လုပ်၊ နောက်လထဲ မာမီကြည့်စီစဉ်လိုက်မှာမို့လို့ မင်းအဲ့လိုပဲသိထား"

"မာမီ!"

"ဘာလဲ နောက်တစ်ယောက်ကပါ ငါ့ကိုသေအောင်လုပ်နေတာလား"

"ပြောစမ်း မင်းပြော၊ ယစ်မူးလေးနဲ့ လက်မထပ်ရင်တောင် မင်း အဲ့ကောင်နဲ့တော့ လုံးဝမဖြစ်ဘူး"

"ကျွန်တော်ဖြေရှင်းလိုက်မယ်"

"မလိုဘူး ငါဖြေရှင်းနိုင်တယ်၊ မင်း အိမ်မှာနေပြီး မင်္ဂလာပွဲကို ဘယ်လိုလုပ်ချင်လဲ စဉ်းစား"

INDEX [Complete] U+ZWhere stories live. Discover now