Part 5

14.1K 799 14
                                    

U+Z

MD ရုံးခန်းထဲမှာတိတ်ဆိတ်နေပြီး MD ရဲ့အသက်ရှူသံခပ်ပြင်းပြင်းကိုပဲကြားရပြီး တခြားသူများအသံကိုတော့ ဆိတ်ငြိမ်နေသည်။

"ဒီကိစ္စကို ဘယ်လိုတာဝန်ယူမှာလဲ"

ပရောဂျက်တစ်ခုကိုစာတင်တဲ့ပုံကအမှားကြီးဖြစ်နေပြီး ရဖို့သေချာနေတဲ့ပရောဂျက်တောင် မရပဲဖြစ်သွားတာ။ စာတင်တာကိုကမှားနေတာ။ ဒီပရောဂျက်က သူတို့လုပ်ငန်းရှင်ကြားမှာ သူတို့ရမှာဆိုတာ ကြိုသိပြီးသား။ အားလုံးလည်းပြင်ဆင်ပြီးသား။ ဒါကို အပေါ်စာတစ်ရွက်နဲ့တင်တစ်ဖက်က ဆုံးဖြတ်သူကသူတို့ဘက်ကို ချပေးလို့မရတော့တာ။

ကျစ်!

အမှားလုပ်ပြီးရင်ကိုယ်နဲ့ထိုက်တန်တဲအပြစ်ကိုထုတ်ပြောမယ်မရှိဘူး။ အားလုံးက ခေါင်းငုံ့နေဖို့ပဲ တတ်ကြတာလားမသိ။ လူတွေက စိတ်ပျက်ဖို့ကောင်းတယ်။

"မန်နေဂျာက ပြန်မစစ်ဘူးလား၊ ပြင်ပေးတာ လက်အောက်ငယ်သားကဆိုရင် ပြန်စစ်ရမှာမင်းတို့တာဝန်မဟုတ်ဘူးလား"

"ဒီအပေါ်စာတစ်ရွက်နဲ့ ဆုံးရှုံးသွားတဲ့ ပရောဂျက်ကနေရမယ့်အမြတ်ငွေကိုထည့်တွက်ဖူးလား၊ နောက်တစ်ခါအမှားလုပ်ရင် ကိုယ့်အမှားနဲ့ထိုက်တန်တဲ့ အပြစ်ကိုပါစဉ်းစားလာခဲ့"

"ပြည့်ဖြိုး ဝန်ထမ်းရေးရာဌာနကို သူတို့ကို ခံဝန်ရေးခိုင်းဖို့ပြောလိုက်"

ပြည့်ဖြိုး အားလုံးပြန်ထွက်ဖို့အရိပ်အယောင်ပြလိုက်သည်။ ပရောဂျက်ကလူတွေကလည်း အမှားလုပ်မိသွားတာကို။ ကိုသော်ဝေကိန်းရှိတုန်းကတော့ ဘာကဘယ်လိုဆိုတာရှင်းပြလို့ရပေမယ့် ဘော့စ်အသစ်နဲ့တွေ့မှသူတို့ရှင်းမပြရဲသလို မော်တောင်မကြည့်ရဲသလိုဖြစ်နေသည်။ ဘော့စ်အသစ်က နည်းနည်းလေးမှအမှားမခံသလို ဆူတယ်ဆိုရင်တောင်ဟိန်းထနေတဲ့အသံကြောင့် အားလုံးကကြောက်နေရသလိုဖြစ်နေသည်။

"ပြည့်ဖြိုး ပစ္စည်းတစ်ခုသွားရှာဝယ်ပေး"

"ဟုတ်ကဲ့"

လိုချင်တဲ့ပစ္စည်းကဘာလဲမေးစရာမလိုပဲ ဖုန်းထဲရောက်လာသည်။ ပိုက်ဆံကိုလည်း သူ့အကောင့်ထဲတစ်ခါထဲ လွှဲပြီးသား။ ပြည့်ဖြိုး ဝန်ထမ်းရေးရာဌာနဲ့ အစည်းအဝေးလုပ်ပြီး ဖြစ်ပျက်သွားတဲ့ပြဿနာကိုဆွေးနွေးရသည်။ တစ်ခါထဲ အရေးယူ ဝန်ခံထိုးခိုင်းဖို့ပြောလိုက်ရ၏။ ပြီးတာနဲ့ ဘော့စ်ဝယ်ပေးဖို့ပြောတဲ့ပစ္စည်းကိုသွားရှာဖို့လုပ်ရ၏။

INDEX [Complete] U+ZWhere stories live. Discover now