Chapter - 1

1.8K 103 34
                                    

[ Unicode version ]

ကလေးဆန်ဆန်မီးသီးရောင်စုံလေးတွေနဲ့အလှဆင်ထားတဲ့ ဘီးလေးက ခြေနင်းချလိုက်တိုင်းမှာ အရောင်တလဲ့လဲ့ဖြင့်လှည့်ပတ်နေသည်။ မိုးပြာရောင်စက်ဘီးလေးရဲ့ အောက်ခြေဘီးလေးတွေမှာ မီးအရောင်လေးတွေက တလတ်လတ်။ ကမ်းခြေတစ်လျှောက် တိုက်ခတ်နေတဲ့လေတွေက ဟွမ်ကျွင့်ကျယ်၏မျက်နှာဆီခပ်ဖြည်းဖြည်းရိုက်ခတ်လို့နေသည်။

မလှမ်းမကမ်းကနေ စက်ဘီးအနီရောင်နဲ့ထွက်လာတဲ့ကောင်လေးတစ်ယောက်ကိုမြင်တော့ ကျွင့်ကျယ်ရဲ့နှုတ်ခမ်းလေးတွေက အလိုလိုကွေးညွှတ်သွားသည်။

“ကွမ်းကွမ်း!!”

ခေါ်နေကြနာမ်စားကိုသုံးပြီးစက်ဘီးကိုအရှေ့တည့်တည့်ထိုးရပ်လိုက်တော့ တစ်ဖက်ကလည်း အံ့ဩနေတဲ့မျက်နှာထားနဲ့ အရှိန်ကိုသတ်ပြီးရပ်လိုက်သည်။

“လန့်သွားတာပဲမလား! ဘယ်လိုလုပ်ပြီး အရှေ့တည့်တည့်တိုးလာရတာလဲ ကျွန်တော်သာအရှိန်မသတ်နိုင်ရင် ကိုကို့ ကိုတိုက်မိမှာမသိဘူးလား”

လန့်သွားပုံရတဲ့ ကောင်လေးကြောင့် ကျွင့်ကျယ်က ထပ်ပြုံးရယ်လာခဲ့ပြီး မိုးပြာရောင်စက်ဘီးလေးကိုဒေါက်ထောက်ကာ ရှကျစ်ကွမ်းရဲ့အရှေ့မှာသွားရပ်လိုက်သည်။ စက်ဘီးအနီလေးကိုကိုင်ထားတဲ့ ရှကျစ်ကွမ်းကတော့ ကျွင့်ကျယ်ကို မျက်ခုံးတွေပင့်လို့ကြည့်နေခဲ့သည်။

ကျွင့်ကျယ်က တစ်ချက်ပြုံးရယ်ပြီး ခေါင်းကိုမော့ကာ ရှကျစ်ကွမ်းရဲ့နှုတ်ခမ်းတွေကိုဖြတ်ခနဲလှမ်းနမ်းလိုက်သည်။

“တောင်းပန်ပါတယ်၊ အလကားသပ်သပ်လန့်အောင်လုပ်မိလိုက်လို့”

နှုတ်ခမ်းလေးကိုစိပြီး မျက်လုံးလေးတွေကိုအရောင်ပြောင်းလိုက်တော့ ရှကျစ်ကွမ်းရဲ့မျက်နှာကချက်ချင်းပဲနီရဲတက်လာတော့သည်။

“အာ...ကိုကို!!!!!”

သံရှည်ဆွဲပြီးခေါ်လိုက်တော့ ကျွင့်ကျယ်ကမျက်နှာလေးအနည်းငယ်ပျက်သွားသည်။

“ဘာလို့လဲ..မကြိုက်လို့လား”

ထိုအခါမှ ရှကျစ်ကွမ်းရဲ့မျက်နှာမှာ ရုတ်ချည်းတည်သွားခဲ့တော့သည်။

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now