Chapter - 12

399 55 38
                                    

[ Unicode version ]

“ အဖွဲ့မှူးရှကို ဒါရိုက်တာလုကခေါ်ခိုင်းလိုက်ပါတယ် ”

ဒါရိုက်တာလုရဲ့လက်ထောက်က ရှကျစ်ကွမ်းစားပွဲရှေ့ရောက်လာတာ ထိုသို့ပြောလေတော့ ကျစ်ကွမ်းလည်းခေါင်းငြိမ့်ကာပင် အနောက်ကနေချက်ချင်းလိုက်သွားရသည်။

ဒါရိုက်တာလုရုံးခန်းထဲရောက်တော့ ခုံပေါ်မှာကျကျနနထိုင်နေတဲ့ လုပိုင်ဟူက လက်ညိုးနဲ့လက်မကိုသုံးပြီး မျက်ခုံးတွေကိုဖိနှိပ်ကာနေတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ စိတ်အခြေအနေမကောင်းဘူးဆိုတာသိသာလွန်းသည်။

“ ခေါ်တယ်ဆိုလို့ပါ လုကော ”

ရှကျစ်ကွမ်းစကားကြောင့် လုပိုင်ဟူက သူ့ကိုတစ်ချက်ကြည့်ပြီး မျက်လွှာကိုပြန်ချသွားသည်။ ပြီးတဲ့နောက် ဖိုင်တစ်ချို့ကိုယူပြီး စားပွဲပေါ်တင်လိုက်သည်။

“ ဒီပရောဂျက်က အရမ်းအရေးကြီးတယ်ဆိုတာ ကျစ်ကွမ်းသိမယ်လို့ အစ်ကိုထင်ပါတယ် ”

သူတစ်ခုခုတော့ အမှားလုပ်မိထားမှန်း ကျစ်ကွမ်းက အတပ်သိလိုက်တယ်။ သူတကယ်ပဲ ဒီရက်တွေထဲဘာကိုမှအာရုံမစိုက်နိုင်ခဲ့ဘူး။

“ သိပါတယ်လုကော ”

“ အစ်ကို မင်းကို နားလည်လို့ အချိန်တွေလည်း အများကြီးပေးထားခဲ့ပြီးပြီ ကျစ်ကွမ်း၊ နောက်ပြီး အခုတစ်ခေါက် ပရောဂျက်လွဲချော်သွားတာနဲ့ ရှယ်ယာတွေထိုးကျသွားမှာနော် ၊ ကျစ်ကွမ်း ဘာလို့အမှားတွေမကြာခဏလုပ်နေရတာလဲ ”

လုပိုင်ဟူရဲ့အသံမှာ ခပ်နိမ့်နိမ့်နဲ့အေးအေးဆေးဆေးပြောနေတာပေမယ့် ထိုအသံတွေထဲမှာ စိတ်မရှည်မှုတွေကပါနေသည်။ ကျစ်ကွမ်းလည်းပဲ သူ့အမှားပေမယ့် ခေါင်းသာငုံ့နေခဲ့ရသည်။

“ တောင်းပန်ပါတယ် လုကော၊ ထပ်မဖြစ်စေရတော့ပါဘူး အဲ့တာတွေကို ဒီနေ့ပဲအပြီးပြန်ပြင်လိုက်ပါ့မယ် ”

ကျစ်ကွမ်းက ဖိုင်တွေကိုပြန်ယူပြီး ခါးညွှတ်ကာပြောလိုက်တော့ လုပိုင်ဟူဆီကသက်ပြင်းချသံထွက်လာသည်။

“ ကောင်းပါပြီ ဒါဆို သေချာလေးဂရုစိုက်လုပ်ပေးပါ ”

“ စိတ်ချပါ လုကော ”

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now